အခန်း ၂၂

Start from the beginning
                                    

မြိုင်ဟာ သူမ၏လက်ကိုကိုင်ထားသော ကိုမြင့်မောင်ရဲ့လက်အား အသာဖြုတ်လိုက်ပြီး ရှိသည့်အင်အားနှင့် ကုန်းရုန်းကာထထိုင်တော့သည် ။ ကိုမြင့်မောင်သည်လည်း ကုတင်ခြေရင်း၌ ထိုင်ကာဖြင့် မြိုင့်အား ငေးကြည့်နေမိတော့သည် ။

" အဖြေပေးစမ်းပါ ။ အဲ့မိန်းမက ။ ဘယ်သူလဲ ။ "

မြိုင် မသိအောင်သာ သက်ပြင်းတိုချမိတော့သည် ။ ယခုအချိန်ထိ သူ၏ခေါင်းထဲ၌ မည့်သည့်အဖြေကို ပေးရမှန်း သူမသိ ။

" ဘယ်သူလဲ ။ ဘယ်ကလဲ ။ အဲ့ဒီ့အောက်တန်းစားမက ဘယ်သူလဲ ။ ကျွန်မမေးတာကို ဖြေစမ်းပါ ။ "

" မြိုင် ။ ဒေါသကို ထိန်းပါ မြိုင်ရယ် ။ "

" ဒါဖြင့် ရှင်ဖြေ ။ ဘယ်သူလဲ ။ "

" အစ်ကိုနဲ့ မေတ္တာမျှနေတဲ့ သဘင်သည်ပါ မြိုင် ။ "

" ဘာ ။ သဘင်သည် ။ သဘင်သည်ဟုတ်လား ။ "

မြိုင်ဟာ ကိုမြင့်မောင်၏ အင်္ကျီစကို ညာဘက်လက်နှင့်ဆွဲရင်း မျက်ရည်များကျကာဖြင့် ကျန်လက်တစ်ဖက်နှင့် ထုရိုက်ပေတော့သည် ။

မြိုင်ဟာ သဘင်သည်ကို မုန်းတီးနေခဲ့သည် ။ ဖခင်ဖြစ်သူဟာလည်း သဘင်သည်နှင့်လက်ထပ်ယူပြီး မြိုင်တို့မိသားစုကို မြိုင် ကလေးဘဝကတည်းက ပစ်ထားခဲ့သည်ကြောင့် မြိုင်ဟာ မုန်းသည်ထက်ကို ပို၍ မုန်းတီးနေခဲ့သည် ။

သဘင်သည်ဟာ မြိုင်တို့လို မျိုးရိုးမြင့်ထဲသို့ မဝင်နိုင်သော လူတန်းစားဆိုလည်း မမှားပေ ။ သဘင်သည်များဟာ လှပသည်ကြောင့် ယောက်ျားတကာ၏ စိတ်ဝင်စားခြင်းများကို ခံရသည် ။ အထူးသဖြင့် အိမ်ထောင်သည်ယောက်ျားများ၏ စိတ်ဝင်စားခြင်းကို ခံရသည် ။ ဖောက်ပြန်မှုများ၏ နောက်ကွယ်မှာ သဘင်သည်ဟာ အများစု တည်ရှိနေခဲ့ကြသည် ။

ကိုမြင့်မောင်ဟာ မြိုင့်၏ ထိုနောက်ကြောင်းရာဇဝင်အား မသိခဲ့ပါ ။ မြိုင်ဟာ ထိုသဘင်သည်မိန်းမအား သေဆုံးသွားစေချင်သည် ။

" ရှင့်သဘင်သည်ကို ကျွန်မ သတ်ပစ်မယ် ။ "

" မြိုင် ။ မြိုင် ဒီလိုလုပ်လို့မဖြစ်ဘူးနော် ။ "

ချစ်မိပြန်ပြီ မမမြိုင် ( Complete )Where stories live. Discover now