အပိုင်း၇

Start from the beginning
                                    

" ဟိုမှာ....." (Taehyun)

"Yeonjun! "
.
.
.
.
- လှုပ်ချိယိုင်နဲ့နေသောခြေထောက်ကိုထိန်းရင်း ဂူအပြင်ကိုထွက်လာခဲ့သည်။ -

-ထွက်လမ်းတွင် Chanရဲ့ခေါင်းလောင်းသံကြောင့် လဲကျနေသော hunterများကိုတွေ့လိုက်ရသည်။ ဂူအဝအရောက်တွင် hunter(ကျွဲရိုင်းနှင့်တူသော) တစ်ကောင်ကပါ လဲကျနေသည်ကိုတွေ့လိုက်ရသည်။ -

ကျစ်...။

-စုတ်တစ်ချက်သပ်ကာ ခွကျော်မည်လုပ်လိုက်သည်။ -

"Yeonjun !" (Soobin)

"အော soobin....မင်းအပြင်ရောက်နေပြီထင်.....(Yeonjun)

- စကားမဆုံးခင် yeonjunအားsoobinပြေးဖက်လိုက်သည်။ -

"မင်းထိခိုက်သွားမှာ စိုးရိမ်နေတာ။
အဲ့လောက်အန္တရာယ်များတာ ဂရုစိုက်သင့်တယ်။ Chanကြောင့်သာမဟုတ်ရင် မင်းသေတော့မှာ။ "

"မင်းဘယ်သူလဲ။ " (yeonjun)

"မင်းရဲ့ ဖက်ထုပ်လေး" (soobin)

- ထိုအသံကြားတော့ yeonjunရင်ထဲတွင် လိပ်ပြာများဖြတ်ပျံသွားသလို ဖြစ်နေသည်။ -

"သတိရနေခဲ့တာ" (Yeonjun)

- ကိုယ့်ဖက်ထုပ်လေးရဲ့ခန္ဓာကိုယ်ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ ဖက်ထုပ်လေးကသာဘယ်လိုနေလဲမသိတာ သူကတော့သိပ်ကိုသတိရနေသည်တဲ့လေ။ -

"ငါလည်းသတိရတယ်။
နောက်ဆိုရင် ဒီလိုအန္တရယ်များတာကိုမလုပ်နဲ့တော့နော်။ မင်းကအားနည်းတယ်ဒီကလူတွေထက်...." (soobin)

"အားနည်းခဲ့တာဘယ်တုန်းကလဲ ။
အခု ဒီမြေခွေးကောင်က သိပ်ကိုသန်မာနေပြီ။ ဆိုးသွမ်းတဲ့လူတစ်ယောက်လည်းဖြစ်သွားခဲ့ပြီ။ မင်းကိုသိပ်လွမ်းနေရတဲ့သူတစ်ယောက်အဖြစ်ရှင်သန်ရင်းနဲ့လေ...." (yeonjun)

- ပြောရင်း ရီမိလိုက်သည်။
ရီမိတာတော့ မဟုတ်လောက်ဘူး။ သူသိပ်ကိုပင်ပန်းသွားခဲ့လို့လေ။ -

- စကားအဆုံးတွင် soobinခန္ဓာကိုယ်နှစ်ခုကိုခွာလိုက်သည်။ ပြီးတော့ yeonjunပုခုံးကိုအမှီပြုကာ နှုတ်ခမ်းပါးနှစ်စုံကိုထိကပ်လိုက်သည်။ -

-huening kai တစ်ယောက်လန့်သွားသည်။
Taehyunကလည်း beomgyuကို ကုန်းပိုးထားပြီး တဖက်ကိုမျက်နှာလှည့်သွားသည်။ -

The Village (Hiatus) Where stories live. Discover now