House Of Darkness 1 (Unicode)

Start from the beginning
                                    

လင်း ဘာမှဆက်ပြောချင်စိတ်မရှိတော့တာမို့ ချက်ချင်းပဲ အပေါ်ကိုပြေးတက်ခဲ့လိုက်တော့သည်။ ညကclubမှာတစ်ညလုံးလစ်ထားတာမို့ လင်းနားချင်နေပြီ။သူနဲ့ပြိုင်ပြီးပြဿာနာဖြစ်ဖို့လည်း လင်းစိတ်မကြည်နေသေးဘူး။

အပေါ်ကိုရောက်တော့ လင်း အခန်းတံခါးကိုဆောင့်ပိတ်ပြီး လက်ထဲက အိတ်ကိုလည်း ကြမ်းပြင်ပေါ်သို့အားပါပါပစ်ပေါက်လိုက်သည်။ ဒီအခြေအနေကိုမလိုလာပေမဲ့ လင်း ဘာကိုမှမလုပ်နိုင်ဘူး။

သူ့စကားတွေကိုမကျေနပ်ပေမဲ့ ပြန်ချေပဖို့မတက်နိုင်တဲ့ အခြေအနေကိုလည်း လင်း မုန်းသည်။ ဒီလိုဖြစ်တည်လာရတဲ့ ကိုယ့်ကိုယ်ကိုလည်းမုန်းသည်။

ဉီးမင်းဆက်နိုင်ဆိုတာ လင်းအဖေရဲ့ညီအရင်း။ လင်းရဲ့ဉီးလေးအရင်းတစ်ယောက်ဖြစ်သည်။ လင်း အသက်၈နှစ်အရွယ် ဖေဖေဆုံးသွားကတည်းက ဉီးနိုင်နဲ့နေခဲ့ရတာ အသက်၁၆နှစ်အထိပဲ။ အမေကတော့ လင်းကိုမွေးပြီးကတည်းကဆုံးသွားတယ်လို့​တော့ပြောသည်။ အမေဆိုတာကို နာမည်လောက်ပဲကြားဖူးခဲ့သည်။ ဘယ်သူဘယ်ဝါဆိုတာ မသိသလို ဓာတ်ပုံတစ်ပုံတောင်မရှိခဲ့ဘူး။

လင်းသိသည်က လင်းအမေက အမေက ပြည့်တန်ဆာတစ်ယောက်ဆိုတာပဲသိသည်။ ဉီးနိုင်က လင်းကိုဆူဆဲသည့်အခါတိုင်း အမေ့ကိုထည့်ပြောတတ်သည်။ ဒါကိုမကျေမနပ်ဖြစ်မိတာမှန်ပေမဲ့ လင်းမမွေးခင်ကဖြစ်ခဲ့တဲ့ကိစ္စတွေမို့ လင်းမသိချင်။ လင်းသိတာ လင်း ဘဝကို လွတ်လွတ်လပ်လပ်ပဲနေချင်သည်။ အချုပ်အနှောင်တွေကို လင်းသိပ်မုန်းသည်။

နောက်လဆို လင်း အသက်၁၆နှစ်ပြည့်တော့မည်။ လင်းက၉တန်းတက်ပြီးလို့ နောက်နှစ်ဆိုဆယ်တန်းရောက်ပြီ။
ပြီးတော့လင်းက ဒွိလင်တစ်ယောက်။ အမြဲတစေယောကျာ်းလေးလိုသာဝတ်စားပေမဲ့ တစ်ခါတလေ မိန်းကလေးတွေလိုမျိုးနေတတ်သည်။ လင်း ငယ်ငယ်တည်းကယောကျာ်းတွေလိုကြမ်းကြမ်းတမ်းတမ်းပြုမူနေထိုင်တာမျိုးမကြိုက်ဘူး။

ဒီလိုဖြစ်ရတာကိုလည်းလင်းမရှက်ဘူး။ ပတ်ဝန်းကျင်ဆိုတာတွေကိုလည်း လင်းဂရုမစိုက်ဘူး။ ရှင်းရှင်းပြောရရင် အိမ်မှာရှိနေတဲ့ အဖိုးကြီးဉီးမင်းဆက်နိုင်ကိုတောင် လင်းဂရုစိုက်တာမဟုတ်ဘူး။ အဲ့ဒီခေါင်းဖြူနေတဲ့စောက်အဖိုးကြီးက လင်း ဒီလိုဖြစ်လာရတာ လင်းအမေရဲ့ဗီဇသွေးကြောင့်ဆိုပြီး တစ်ခါတလေ ဆူဆဲတတ်သေးသည်။ ဒါကိုလည်း လင်းဂရုမစိုက်ဘူး။ သူသာပါးစပ်ညောင်းပြီးသေသွားဖို့ပဲ လင်းဆုတောင်းသည်။

House Of Darkness❕Where stories live. Discover now