House Of Darkness 1 (Zawgyi)

20.7K 66 0
                                    


"တီ! တီ!"

ကားဟွန်းတီးသံအကျယ်ကြီးနှင့်အတူ အဖြူရောင်ကားလေးတစ်စီး ခြံထဲသို့မောင်းဝင်လာသည်။ ကားရပ်သွားသည်နှင့် ကားပေါ်မှဆင်းလာသည်ခြေအစုံသည် အိမ်ထဲသို့ဉီးတည်၏။ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လစ်ဟာသွားသည့် ခြေတံဖွေးဖွေးတွေက ပေါင်လယ်ထိခွဲထားသည့်ဂျင်းအနက်ရောင်ဘောင်းဘီထဲမှာလင်းထင်းလို့။ အပြာရောင်Crop topလေးအောက်မှ သိသာစွာပေါ်နေသည့် ဗိုက်သားချပ်ချပ်ကလေးက ဖြူဖွေးနေသည်။ လက်ချောင်းရှည်သွယ်သွယ်လေးဖြင့် ကားသော့အားလှည့်လို့ ဆေးတင်ထားသည့် နှုတ်ခမ်းပါးရဲရဲတွေက သီချင်းတစ်ချို့လည်းညည်းဆိုးလို့။

"လင်းလက်ရာ!"

အပေါ်တက်ခါနီး နားထဲဝင်လာသည့်အော်သံကြောင့် လင်းလက်ရာ နှာခေါင်းရှုံ့လိုက်သည်။

"မင်း ညကတစ်ညလုံးဘယ်နားသွားသေနေလို့ အခုမြှပန်လာလဲ ဟမ်!"

"လင်း ဘယ်မှာရှိမှန်းဉီးနိုင်သိသားနဲ့ ဘာလို့အချိန်ကုန်ခံပြီးလာမေးနေတာလဲ"

လင်း ပြောခဲ့ပြီးတာနဲ့အပေါ်တက်ဖို့ပြင်လိုက်သည်။

"အဲ့မှာရပ်နေစမ်း ငါ့ကိုစောက်ဖက်မလုပ်သလိုအချိုးမချိုးနဲ့ လင်းလက်ရာ"

"ကျစ်!"

လင်း စိတ်ပျက်လက်ပြက်နဲ့ပဲ ဉီးမင်းဆက်နိုင် အရှေ့ကိုသွားရပ်လိုက်တော့သည်။

"မင်းကိုငါ Clubတက်ဖို့ခွင့်မပြုထားဘူးဆိုတာ နားမလည်ဘူးလား လင်းလက်ရာ... မင်းစောက်သက်က ဘယ်လောက်ရှိသေးလို့လဲ ဟမ်!"

"ဉီးနိုင် လင်းကိုမချုပ်ချယ်ပါနဲ့တော့... လင်းကအသက်မပြည့်သေးဘူးဆိုပေမဲ့ လင်း ကိုယ့်ဘာသာစောင့်ရှောက်နိုင်နေပါပြီ... "

"စကားကိုပြင်ပြောလိုက်စမ်း! လင်းလက်ရာ Clubတက်တာ ဒီတစ်ခါနောက်ဆုံးပဲဖြစ်ပါစေ ... ပြီးတော့ မင်းရဲ့ဝတ်ပုံစားပုံတွေ ဆင်ခြင်စမ်း... မင်းအမေအပျက်မလိုစရိုက်တွေ လာမချိုးနဲ့ !! လင်ကောင်မပေါ်ပဲဗိုက်ကြီးချင်နေတာလား ဟမ်!!!"

"ဉီးနိုင်!!!! ကျစ်! ဟုတ်ကဲ့ပါ ဒါဆိုလည်း သွားခွင့်ပြုပါတော့"

House Of Darkness❕حيث تعيش القصص. اكتشف الآن