" ငါ ဘုဏ်းမိုရ်ကိုနင်ပြောခိုင်းတဲ့အတိုင်းပြောခဲ့ပါသေးတယ် "

" မပြောပါနဲ့တော့ဟာ ဒါတွေကိုငါတိပါတယ်၊ အမှန်တကယ်က ငါကိုယ်တိုင်ကိုကရူးခဲ့တာဟ၊ ငါ့လိုလူကိုဘယ်လိုမြို့တားကကြိုက်နိုင်မှာတဲ့လဲ၊ မကြိုက်မှာမှန်းလည်းငါကိုယ်တိုင်ကြိုတိခဲ့တားပဲ၊ ဘာပဲဖြစ်ဖြစ်ပြန်မကြိုက်တော့လည်းအရင်း ပြန်ကြိုက်တော့လည်းအမြတ်ပေါ့ဆိုပြီး အဖေနဲ့နင့်ကိုအပြောခိုင်းခဲ့တာ၊ ဟီး ဟီး…… "

ရှက်ရယ်ရယ်နေတဲ့မမြတ်သူသူမျက်နှာက ဘာမှဟန်ဆောင်ထားတာမရှိဘဲ ရိုးရိုးရှင်းရှင်း။

" နင်လည်းငါ့ကိုအားနာမနေနဲ့၊ ဘုဏ်းမိုရ်ငါ့ကိုပြန်ကြိုက်လာအောင်နင်လုပ်ပေးလို့မှမရတာ၊ လုပ်ပေးရအောင်နင်ကတန်ခိုးရှင်လည်းမဟုတ်၊ တူ့ဟာတူမကြိုက်တာဘယ်တတ်နိုင်မလဲ၊ ငါလည်းနင်နဲ့အဖေ့ကိုပြောခိုင်းပေမဲ့ ငါ့ကိုပြန်ကြိုက်လိမ့်မယ်လို့ ထင်ကိုထင်မထားတာဟဲ့၊ ဟီး ဟီး…… "

အခုမှပဲ ငြိမ်းချမ်းစိတ်ထဲမှာ မမြတ်သူသူကိုအားနာသလိုဖြစ်နေတဲ့စိတ်တွေလျော့ကျလာသည်။နေဝင်တော့မှာမို့အေးမြလာတဲ့လေထုနဲ့အတူ ငြိမ်းချမ်းစိတ်ထဲပူထူနေတာတွေလည်းအေးမြပျော်ရွှင်မှုကိုခံစားလာရသည်။

" ငါတို့ ပြန်ကြရတော့အောင် "

" အင်းပြန်ရအောင်လေ၊ ငါ ဘုဏ်းမိုရ်တို့ကိုလှမ်းခေါ်လိုက်တော့မယ်၊ ဝေး............. ဘုဏ်းမိုရ်ရေပြန်ကြရအောင်ဟေ့ "

" ဝေး........... လာပြီဟေ့…… "

ပြန်ထူးသံနဲ့မရှေးမနှောင်းမှာပဲ ဘုဏ်းမိုရ်နဲ့ကလေးတစ်သိုက်ပြန်ရောက်လာကြသည်။

" ကိုချမ်း ငါတို့လေ လယ်ပုဇွန်လုံးတွေအများကြီးရခဲ့တယ်… သိလား၊ ဒီမှာကြည့် "

" ကဲ လက်စားလိုက်လာကြတဲ့ကောင်မတွေကိုပြန်ရအောင်လို့လောဆော်လိုက်ဦးမယ် "

ဘုဏ်းမိုရ်ရောက်လာတော့မမြတ်သူသူက ခဏနေကမြေကြီးမှာစိုက်ထားတဲ့ တူရွင်းပြားလေးကိုပြန်နှုတ်လိုက်ပြီး ခပ်ဝေးဝေးမှာမြေပဲပေါင်းထိုးလက်စားလိုက်လာကြသူတွေဆီဘက်ထွက်သွားသည်။

💕 ချစ်သောအမောင်Where stories live. Discover now