အိမ်ထောင်ပြုတော့မဲ့မိန်းမတစ်ယောက်ရဲ့နောက်ဆုံးအပျိုစင်ဘဝ အလှဆုံးအချိန်ထင်ပါရဲ့။

" နင်ပဲ ဘုဏ်းမိုရ်ကိုကြိုက်တယ်ဆို "

" အင်းလေ… ကြိုက်တယ် "

" ဒါဆို ဘာလို့ကိုသာတုတ်နဲ့ယူမှာလဲ "

" ဘုဏ်းမိုရ်က ငါ့ကိုမကြိုက်ဘူးလေ၊ တူကြိုက်နေတာကအခြားတစ်ယောက် "

ငြိမ်းချမ်းမျက်နှာတွေဖျင်းခနဲပူထူလာမိသည်။မမြတ်သူသူက ငြိမ်းချမ်းကိုကြည့်ပြောနေတာမဟုတ်လို့တော်ပါသေးသည်။

မြေပဲပင်လေးနားက မြက်ပင်လေးတွေကိုလက်နဲ့ဆွဲနှုတ်ရင်း စကားဆက်ပြောနေတဲ့မမြတ်သူသူအသံမှာ တစ်ခုခုကိုတော့ဖုံးကွယ်ထားဟန်ရှိသည်။

" ငါ့ကိုကြိုက်မလာမဲ့တူကို စောင့်နေတော့ရောဘာထူးဦးမှာလဲဟယ်၊ အဲဒီအစား ငါ့ကိုချစ်တဲ့တူနဲ့ပဲလက်ထပ်လိုက်တော့မယ်၊ အဖေကလည်းအတက်ကြီးပြီမဟုတ်လား၊ အိမ်မှာတောင်ယာအလုပ်ကိုဦးဆောင်ပြီးလုပ်မဲ့တူလိုလာတာလည်းပါတာပေါ့ "

" နင်က ကိုသာတုတ်ကိုချစ်သလား "

" ဟင့်အင်း မပြောတတ်တေးဘူး၊ တံယောဇဉ်တော့ရှိတယ်၊ ဒါပေမဲ့အချိန်တွေကြာလာတဲ့အခါ အဆင်ပြေတွားမှာပါ၊ တံယောဇဉ်ဆိုတာအချစ်ထက်ပိုအေးမြပြီး ပိုခိုင်မြဲပါတယ်တဲ့ "

ဘာရယ်ကြောင့်လို့တော့မသိ ဘုဏ်းမိုရ်စိတ်ထဲမှာတော့ မမြတ်သူသူယောက်ျားယူတော့မှာကို နှမြောဝမ်းနည်းမိနေပြန်သလိုလို။ငယ်ငယ်ကစအတူတူနေခဲ့ရတဲ့သံယောဇဉ်ကြောင့်ထင်ပါရဲ့။

" နင်တို့ဘယ်တော့လက်ထပ်ကြမှာလဲ "

" အခု ကောက်ခြေပြတ်လောက်ဖြစ်လိမ့်မယ် "

ဟိုးအဝေး လယ်ကန်သင်းမှာ အစီအရီပေါက်နေကြတဲ့ထန်းပင်ကြီးတွေကို အကြောင်းမဲ့ငေးကြည့်နေရင်း မမြတ်သူသူကိုငြိမ်းချမ်းအားနာမိသလိုလိုဖြစ်လာပြန်သည်။

ညနေရဲ့လေပြေတွေကတိုက်ခတ်နေကြတာမို့ ယိမ်းထိုးလှုပ်ရှားနေကြတဲ့ ထန်းရွက်ထန်းလက်တွေနဲ့အတူ ငြိမ်းချမ်းစိတ်တွေကလည်းဝမ်းနည်းလိုက်ဝမ်းသာလိုက်။

💕 ချစ်သောအမောင်Where stories live. Discover now