“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ရှုပ်ထွေးပွေလီလွန်းသော ရန်ကုန်မြို့ကြီးသို့ ရောက်ရှိခဲ့သည်မှာ တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပြီး နာမည်ကြီး digital agency တစ်ခုမှာ first interview ဖြေဆိုရင်း ချက်ချင်းအလုပ်ရသွားခြင်းက မိမိ၏ ကြိုးစားမှုရလဒ်ပင်ဖြစ်သည်။
ဆယ်တန်းစာမေးပွဲနှစ်ချင်းပေါက်အောင်ခဲ့ပြီး အဝေးသင်တက်ဖို့ကိုပဲ ရွေးချယ်ခဲ့ကာ ဘွဲ့ရသည်အထိ အောင့်အီးသည်းခံခဲ့ရသည်။ စိတ်ကူးထဲတွင်တော့ ရန်ကုန်မြို့ကြီးသို့သွားရန်သာ တာစူနေခဲ့တာ ဖြစ်သည်။ စိတ်ကူးထားသည့်အတိုင်း တစ်ခုချင်း အကောင်အထည်ဖော်ခဲ့ရာ အခုအချိန်မှာတော့ ရန်ကုန်လို မြို့ကြီးပြကြီးမှာ digital designer တစ်ယောက်အနေဖြင့် ရပ်တည်နေနိူင်ပြီဖြစ်ပြီး ကိုယ့်တစ်ကိုယ်စာ ဝမ်းရေးအတွက်တော့ ဖူလုံသွားခဲ့ပြီဟုဆိုရမည်။ ဒီလိုမြို့ကြီးမှာ မိသားစုလိုက် အခြေချနိုင်ဖို့အတွက်တော့အများကြီး ကြိုးစားရပါဦးမည်။ ပြီးတော့...

ပြီးတော့...
ဆယ်တန်းစာမေးပွဲပြီးတည်းက အဆက်ပြတ်သွားခဲ့သော ကျွန်တော့်ရဲ့အချစ်ဦးလေးကိုလည်း ရှာဖွေရပါဦးမည်။ ချစ်ရသူကို တာဝန်ယူနိုင်မည့် အခြေအနေရောက်တော့မှ ရှာပုံတော်ဖွင့်မည့် အကြံအစည်သည် အခုအချိန်တွင် အပြည့်အဝ အကောင်အထည်ဖော်နိုင်တော့မည်ဖြစ်သည်။

လက်ရှိဘဝနှင့်ယှဥ်လျှင် ဆယ်တန်းကျောင်းသားဘဝဟာ အိပ်မက်ရှည်တစ်ခုကဲ့သို့ ခပ်ရေးရေး memory အနေနဲ့သာ ကျန်ရစ်နေခဲ့သော်လည်း
နန္ဒဘုန်းမြတ်(သို့)ကျွန်တော့်ဂြိုလ်သားလေးအပေါ်ထားသည့် ကျွန်တော်၏အချစ်များကတော့ အသက်ရှင်နေသရွေ့ လတ်ဆတ်နေဦးမည်ဖြစ်သည်။

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည်
အရင်လိုပဲ မျက်လုံးမှေးမှေးလေးများ ရှိနေဦးမည်လား...

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည်
အရင်လိုပဲ ပါးပြင်ထက်က ဝက်ခြံတွေပေါ် တောင်ကြီးမောက်မယ်သနပ်ခါး ဖို့ထားဦးမည်လား...

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည်
အရင်လိုပဲ ချွဲတတ်နေဦးမည်လား...

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည်
အရင်လိုပဲ စိတ်တိုလွယ်သူ ဖြစ်နေဦးမည်လား...

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည်
အရင်လိုပဲ အနမ်းကြမ်းကြမ်းများနှင့် ယစ်မူးစေဦးမည်လား...

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည်
အရင်လိုပဲ ကျွန်တော့်ရင်ခွင်ထဲ မှေးစက်ချင်ဦးမည်လား...

ချစ်လှစွာသော ကျွန်တော့် ဂြိုလ်သားလေးသည် ကျွန်တော့်လိုပဲ ရင်ခုန်သံတွေ လတ်ဆတ်နေသေးရဲ့လား...

...

အဖြေရှာဖို့ ကျွန်တော် မစောင့်နိုင်တော့ပြီ။

ဖူးစာသာ စစ်မှန်ခဲ့ပါလျှင်
ချစ်လှစွာသော “ဘုန်း” သည် ဖူးစာရှင်၏ နှလုံးသားလမ်းကြောင်းဆီသို့သာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားပေလိမ့်မည်မဟုတ်ပါလား...

                          The End.

Lovely Bhone (one-shot MYANMAR BL)(COMPLETED)Where stories live. Discover now