မဟူရာလိုနက်မှောင်နေတဲ့ဆံပင်များဟာလည်း ပခုံးထောက်နေပြီး ကလေးလေး ခေါင်းယိမ်းလိုက်တိုင်း ပျော့ပျောင်းစွာလှုပ်ယမ်းလာတော့သည်၊
"အချိန်တွေ ဘယ်လောက်ကြာသွားပြီလဲ" ကလေးလေးရဲ့အသံဟာ အရင်ကထက် ပိုမိုကြည်လင်နေပြီး နားဝင်ချိုလှသည်၊အာလ်ဟာ ကလေးလေးနားကပ်သွားပြီး သူရဲ့ခေါင်းကြီးနဲ့ ရင်ခွင်ထဲ တိုးဝင်ကာပွတ်သပ်လာချိန်မှာ ကလေးလေးရဲ့ရယ်သံရွှင်ရွှင်လေးဟာ တောအနှံ့ပြန့်သွားတော့သည်၊
"နှစ်နှစ်ကျော်ကြာသွားပြီ သခင်...မထင်ရဘူး သခင်က ခြောက်လစောနိုးလာခဲ့တာပဲ"ပျင်းရိပျင်းတွဲအသံလေးနဲ့အဖြူရောင်လိပ်ပြာအတောင်ပံပိုင်ဆိုင်ထားတဲ့နတ်သူငယ်လေးဟာ ကလေးလေးရဲ့ပျော့ပျောင်းတဲ့ဆံပင်များထက် ပျံဝဲကာအနားယူလိုက်ပြီးနောက်မှာ ပြောလာတော့သည်၊
"ကျွန်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတယ်..." ကလေးလေးရဲ့ညည်းသံကြောင့် နတ်သူငယ်လေးတွေနဲ့အခြားဝိညာဉ်သားရဲလေးတွေဟာ ထရပ်လာပြီး နှစ်သိမ့်ပေးလာတော့သည်၊
ထိုကလေးလေးဟာ လွန်ခဲ့တဲ့နှစ်နှစ်ကျော်ထဲက ပျောက်သွားတဲ့ဒန်နာရီ ရိုစဲဆလပ်သာဖြစ်သည်၊အရင်ကထက် အရပ်ရှည်လာပြီး ချစ်စရာကောင်းလှတဲ့ကလေးလေးဟာ နတ်သူငယ်လေးတွေအနားမှာ နွေးထွေးစွာ ပြုံးနေတော့သည်၊ဒါပေမယ့် တစ်ခါတလေ တောအုပ်ရဲ့အပြင်ဘက်ကြီးကို ကြည့်လိုက်တိုင်း ပတ္တမြားလိုမျက်ဝန်းနီလေးတွေဟာ လွမ်းဆွေးမှုများနဲ့ပြည့်သိပ်နေတော့သည်၊
'အားလုံး အဆင်မှ ပြေကျရဲ့လား...'
ဇီနိုနဲ့လည်း အဆက်အသွယ်မရတာကြောင့် ဒန်နာရီလည်း စိုးရိမ်မိပြန်သည်၊ဇီနိုဟာ သူနဲ့မပါလာခဲ့ပေ၊ဒါကို နားလည်သည်၊ဘာလို့လဲဆိုတော့ ဒီနေရာက အလင်းသူတော်စင်တွေနဲ့ပြည့်သိပ်နေတာကြောင့်ဖြစ်သည်ကိုး၊
ဒန်နာရီ အကုန်လုံးကို သတိရနေသည်၊ဒါပေမယ့် ကိုယ်ထဲက မှော်စွမ်းအားတွေဟာ မတည်ငြိမ်သေးတာကြောင့် ချက်ချင်းထွက်ခွာသွားလို့မရသေးပေ၊
"သခင်~အားလုံးအဆင်ပြေသွားလိမ့်မယ်"ရေစက်လေးများဟာ အလုံးလေးကနေ ဝေလငါးပုံသဏ္ဍာန်ပြောင်းလဲပြီး ဒန်နာရီရဲ့နဖူးပေါ် ဖွဖွလေးကပ်လာကာ အေးချမ်းတဲ့အသံနဲ့ပြောလာတော့သည်၊ဒန်နာရီဟာ ရေစက်များနဲ့ဖွဲ့ထားတဲ့ဝေလငါးလေးကို လက်လေးဖွဖွလေး ပြန်ကိုင်လိုက်ပြီး ပြုံးလိုက်သည်။