11 3 0
                                    

"လှိုင်း ဟျောင့် ငါရောက်နေပြီဟ" ပြောရင်းနဲ့ တံခါးကို၃ချက်လောက် ခေါက်လိုက်ပါသော မွန်းဆပ်ချေပါပင်။ အရပ်ကလေးကနည်းနည်း ရှည်သလောက် စိတ်ကတော့ပုပါသည်။ ကလေးကငိုနေလို့ ချော့ရင်တောင်
မျက်လုံးကြီးပြူး လျှာထွက်ပြပြီးချော့သည့်လူစားပါ။

လှိုင်းရိပ်တို့အိမ်က သူတို့အိမ်နဲ့သိပ်မဝေးပါ မဟာဇေယျာဘုံရပ်ကွက်ထဲတွင်ရှိသည်။ ဟန်နွေဦးနဲ့ မိုးမြင့်သာကတော့ နည်းနည်းဝေးသည်။ သူတို့၃ယောက်လုံးနဲ့ မွန်းနဲ့က ၁တန်းကတည်းကပေါင်းလာကြသည့်သူများပါပင်။ မွန်းက သူငယ်တန်းကို တခြားကျောင်းမှာတက်ပြီး ၁တန်းကျမှ 'အောင်တံခွန်' ကျောင်းကိုပြောင်းလာခြင်းဖြစ်သည်။

"ပေါ်လာသေးသား ငါကတော့မင်းကို မသာပေါ်ပြီမှတ်နေတာ အဲ့ဒါကြောင့်ရက်လည် အဒေါ်ကဘာကျွေးမလဲမသိဘူးဆိုပြီး ငါတို့တွေ ခန့်မှန်းနေကြတာ" အိမ်ထဲကနေ ပြောပြောဆိုဆိုထွက်လာပြီး လှိုင်းရိပ်ကမွန်းကို တံခါးဖွင့်ပေးလိုက်သည်။ လှိုင်းတို့အိမ်က ၂ထပ်အိမ်လေးမို့ နေချင်စဖွယ်ကောင်းလှပါသည်။ခြံထဲတွင်တော့ မာလကာပင် မန်ကျည်းပင်နဲ့ ချဥ်ပေါင်ပင်ကိုစိုက်ထားသည်။ခြံက ပေ၆၀ပတ်လည်လေးမို့ အနေတော်လေးပင်ဖြစ်သည်။အိမ်ကတော့ မီးခိုးအရင့်နဲ့ အဖြူကိုရောစပ်ပြီးဆောက်ထားသည်မို့ တစ်မျိုးလေးနဲ့ ကြည့်ကောင်းလှသည်။

"အော့်.....ဟော် မင်းတို့လည်းနော် တစ်နေ့တစ်နေ့ မျိုဖို့ဆို့ဖို့ပဲတွေးနေကြတာ ဒီကြားထဲဟိုဆပ်ပြာသည်မကလည်း အုတ်နီခဲတွေရော ဆားမည်းတွေရော စုံနေတာပဲ ဒါနဲ့ အဒေါ်ရော ဘယ်သွားလဲ ငါအဒေါ့်အတွက်လက်ဆောင်ယူလာတယ်" လှိုင်းကိုပြောရင်းနဲ့ လှိုင်းရဲ့အမေကိုပါမေးလေသည်။ လှိုင်းရဲ့အမေနာမည်က ဒေါ်ရေလှိုင်းမြတ် ကျွန်တော်တို့ သူငယ်ချင်းတွေကတော့ အဒေါ်လို့သာခေါ်ကြသည်။မိဘချင်းကလည်း ရင်းနှီးလှသည်ဖြစ်ရာ နှစ်အိမ့်တစ်အိမ်ပင်ဖြစ်နေတော့သည်။

"မွေးနေ့ရှင်အတွက်ကျတော့ရောလက်ဆောင်မပါဘူးလား ဟွန့်" မွန်းကို နှုတ်ခမ်းတထော်ထော်နဲ့ပြန်ခံပက်ပြောနေသော လှိုင်းကို

Especially For YouOnde as histórias ganham vida. Descobre agora