ဟုတ်သားအိတ် ဇစ်က ပွင့်ပြီး အထဲက ပစ္စည်းတွေပြုတ်ကျမတတ်ဖြစ်နေတာကို။

ဒါကြောင့် လူတွေက ကြည့်နေတာကိုး။ အဲတာကို မသိလို့ ရိပေါ်က မော်ဒယ်လိုလျှောက်နေတာ ။ သူ့ကိုယ့်သူ အရမ်းချောနေလို့ဆိုပြီးတောင် အထင်ကြီးလိုက်သေးသည်။

ဒါက ဘယ်လို အရှက်ကွဲမှုကြီးလဲ။

ရိပေါ်က သတိပေးတဲ့ ရှောင်ကျဲကျဲကို ကျေးဇူးတင်စကားဆိုပြီးနောက် အိတ်ကိုသေချာပြန်ပိတ်ပြီး ရင်ဘတ်ရှေ့ပဲထားထားလိုက်တော့သည်။

ကိုယ့်ကိုယ်ကို အထင်ကြီးနေတာလေးတွေလည်း ရေစုန်မျောသွားရပါပြီ။

ရိပေါ်လည်း ရှက်တာကြောင့်သူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့နေရာကို ခပ်သွက်သွက်သာ လျှောက်သွားလိုက်တော့သည်။

ရှောပင်းမောရဲ့ အထပ်တစ်ထပ်အရောက် ရှောင်းကျန့်ကို တွေ့လိုက်ရ၏။ မိန်းကလေး အဝတ်အစားဆိုင်တစ်ခုရှေ့မှာ ရှောင်းကျန့်က မိန်းကလေးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောနေသည်။

ရိပေါ်က ရှောင်းကျန့်ဆိုတာ သေချာအောင် မျက်လုံးကို မှေးပြီးကြည့်လိုက်သေး၏။

ဦးပဲ ကျိိန်းသေပေါက် ဦးပဲ။ တစ်ရေးနိုးထမေးရင်တောင် လူမှားစရာအကြောင်းမရှိဘူး။

အင်္ဂါဂြိုလ်ကနေ လှမ်းကြည့်ရင်တောင် ဦးဆိုတာ ကျိန်ပြောရဲသည်။

ရယ်လိုက်ရင်မှိတ်သွားတဲ့ အဲ့ဒီမျက်လုံးတွေ ၊ ရှေ့သွားခပ်ကြီးကြီးနှစ်ချောင်းရယ် ၊ ခပ်ညိုညို အသားအရေနဲ့ ထောင်ထောင်မောင်းမောင်း အရပ်အမြင့်က သေချာပေါက် ဦး ပဲဖြစ်သည်။

ကြည့်စမ်းပါဦး။ ရိပေါ်မဟုတ်တဲ့ တခြားမိန်းကလေးကိုပြုံးပြနေလိုက်တာများ မျက်လုံးတွေပိတ်ပြီး ရှေ့သွားတွေ အကုန်ပေါ်နေတဲ့အထိပဲ။

ရိပေါ်က ရှောင်းကျန့်ရဲ့ သွားကြီးကြီးတွေကို ရိုက်ချ်ိုးချင်စိတ်တွေဖြစ်ပေါ်လာသည်။

ရယ်ဦးဟာ ရယ်ဦးဟာ ဆိုပြီးတော့လေ။

ရိပေါ်ကျ ငယ်သေးလို့ စာကြိုးစားဦးတဲ့ ။ သူနဲ့ စကားပြောနေတဲ့ ကောင်မလေးကျ ခုမှ တက္ကသိုလ်ကျောင်းသူအရွယ်လောက်ရှိဦးမည်။

24/7  COOL KIDМесто, где живут истории. Откройте их для себя