End this story (Yeonjun)

Start from the beginning
                                    

"Beomgyu ya!
နေကောင်းရဲ့လား။ "

"ကောင်းပါတယ်....မင်းရော"

"ကောင်းလို့ရောက်လာတာပေါ့....။ "

"ဒီနေ့ကြောင့်ရောက်လာတာလား။ "

"အွန်း...."

"18နှစ်....သူထွက်သွားခဲ့တာ 18နှစ်ရှိပြီ။ "

- Daniel ရော သူရော သက်ပြင်းခပ်ရှည်ရှည်တစ်ခုချလိုက်မိသည်။ -
.
.
.
.
- soobinသေဆုံးပြီး တစ်နှစ်ကြာသောအခါ....။ -

"မကြားချင်ဘူး ထွက်သွားကြ "

- beomgyu wheelchair ပေါ်ကနေပြီး အကုန်လုံးကိုမောင်းထုတ်လိုက်သည်။ -

"သားငယ်ဘာဖြစ်လို့လည်း...."

"မေမေ....သားတောင်းပန်ပါတယ်....taehyunကို...hyunကိုပြန်ခေါ်ခဲ့ပေးပါနော်။ yoon rubyလုပ်တာသားသိတယ် မေမေရဲ့....hyunကသားကိုစိတ်ဆိုးသွားတာ။ သူ....သူ....

"သားရယ်...hyunက​သေသွားပြီလေ။ ဘယ်လိုလုပ်ပြန်ခေါ်လို့ရမှာလည်း...."

"သားသူ့ကို သိပ်ချစ်တာ....
သူက....သူက အဲ့ဒါကိုမယုံဘူးတဲ့....သားသစ္စာဖောက်တယ်လို့ဘဲထင်နေတာ။ သူ...သူကျောင်းမှာများတစ်​ယောက်တည်းကြောက်နေမလားမသိဘူး။ သား သွားချင်တယ် မေမေ။ "

"သား...သားး အိပ်လိုက်တော့နော် ။ နော် သားလေး"

-beomgyuကိုချုပ်ကာ မေမေက စောင်ခြုံပေးခဲ့သည်။ -
.
.
.
- Incheon airport တွင်ဖြစ်သည်။ -

"Yeonjun na!
ကျန်းမာအောင်နေရမယ်နော်။
ဘာတစ်ခုမှမတွေးနဲ့....kaiရော boramရောက မင်းကိုအထင်လွဲနေကြပေမဲ့ Noonaသိတယ်။ မင်းsoobinကိုဘယ်လောက်ချစ်တယ်၊ ဘယ်လောက်မြတ်နိုးတယ်၊ သံ​ယောဇဥ်ရှိတယ်ဆိုတာကအစ Noonaတို့ hyunjinတို့အသိဘဲမလို့ Japanမှာကို စိတ်အပင်ပန်းမခံနဲ့ဦးနော်။ "

"Noona....
အခုပြန်စဥ်းစားကြည့်ရင် ကျွန်တော်အရမ်းမှားခဲ့တာ။ ဘာလို့...ဘာလို့ soobinကလအစောကြီးထွက်သွားရတာလည်း။ ကျွန်တော်ရောက်အောင်မသွားနိုင်ခဲလို့လေ....ကျွန်တော့်အမှားပါ။ "

"မင်းအမှားလည်းမဟုတ်သလို Soobinအပြစ်လည်းမဟုတ်ခဲ့ဘူးလေ။ ကံတရားကိုဘဲ အပြစ်ပုံချလိုက်စမ်းပါ။ taehyunလည်းမမှားခဲ့သလို Beomgyuလည်းလက်မလျှော့ခဲ့ဘူးလေ....မင်းတို့အချစ်တွေက ထာဝရတည်နေတော့မှာ။ လှပခဲ့ကြပါတယ်။ "

Forever[Completed]Where stories live. Discover now