အပိုင်း ( ၁၅၃ ) - ငါက သူ့အဖေပဲ

Start from the beginning
                                    

Lisa ဆီသို့ လူများစွာ ဝိုင်းအုံလာကြသည်။  ဝန်ထမ်းကတောင် မနေနိုင်နိုင်ဘဲ သူမဆီ လမ်းလျှောက်လာပြီး “Ms.Black၊ မင်း Anti ကိုတကယ်သိတာလား။  သူက ဘယ်လိုပုံစံလဲ?"

Lisa "!"

ထိတ်လန့်တုန်လှုပ်နေဆဲ  ဖြစ်သော Lisa သည် ဤအရာများအားလုံးသည်  သူမရဲ့ ရင်ဘတ်ထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။  သူ့ရှေ့က အရာအားလုံးဟာ လက်တွေ့မကျတဲ့ အိမ်မက်ထဲမှာ ရောက်နေသလိုပါပဲ။

အားလုံးက သူမကို ဝိုင်းထားသောကြောင့် Angela သည် ဝိုင်းနေသော နေရာမှ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။

သူမသည် လူအုပ်အပြင်ဘက်တွင် ရပ်ကာ အထဲရှိ Lisa ကို စိုက်ကြည့်နေစဉ် သူမ၏ မျက်နှာသည် မနာလိုခြင်းမှ ကွဲထွက်လုနီးနီး ဖြစ်နေသည်။

ဒါက ဘယ်လိုဖြစ်တာလဲ။  ဒါက ဘယ်လိုဖြစ်ရတာလဲ!

Antiက ဘာကြောင့် Lisa ကို ရုတ်တရက် ရွေးလိုက်ရတာလဲ။

သံသယများကြားတွင် နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရသည်။ 

"နင်က Angela Smith ဟုတ်တယ်မလား?"

မှိန်းနေတဲ့ Angela လှည့်ကြည့်လိုက်တော့ Tina က သူ့နောက်မှာ ရပ်နေတာကို တွေ့လိုက်ရတယ်။  Tina က သူမကို ပြုံးပြုံးလေးကြည့်ကာ "အခုကစပြီး ငါ့လက်အောက်မှာ မင်းရဲ့ဘွဲ့လွန်သင်တန်းတွေ လုပ်ရတော့မယ်။  အိုကေ၊ လောလောဆယ် ကျန်တဲ့ကျောင်းသားတွေကို ဆက်သွယ်ဖို့ မင်းမှာတာဝန်ရှိတယ်။  စကားမစပ်၊ ကျွန်မမှာ ဖြည့်စွက်ရမည့်ပုံစံအချို့ရှိတယ်။  ယူပြီး တခြားသူတွေကို ဝေငှနိုင်ဖို့ ငါနဲ့လိုက်ခဲ့…”

Angela သည် Lisaဆီသို့ သွားပြီး ဘယ်လို ဖြစ်သွားတာလဲ ဆိုတာကို သိချင်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူမသည် Tinaနောက်က လိုက်သွားရုံမှ လွဲပြီး တခြား မရှိပေ။  နှစ်ယောက်သား ရုံးခန်းကို အတူတူသွားကြသည်။

လမ်းမှာ Tina က "Lisa Black နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ?"

Angela သည် သူမ၏ လက်သီးများကို ဆုပ်လိုက်ပြီး “သူက ငါ့ဝမ်းကွဲပါ”လို့  ခါးခါးသီးသီး ပြန်ဖြေရင်း သူ့မျက်လုံးထဲမှာ မုန်းတီးမှုတွေ ရှိနေတယ်။

စေ့စပ်ပွဲပြတ်ပြီးနောက် ပိုချောလာတယ် ( MM Trans )Where stories live. Discover now