သူ့စိတ်တွေ တကယ်ကိုဘာဖြစ်နေတာလဲ။
ငါ ငါ Geပေါ်မှာမရိုးမသားစိတ်တွေထားနေမိတာလား။

အရင်ကလဲမြင်နေကျပေမယ့် ခုမှ  ခုမှ​​ဖြစ်လာတဲ့ခံစားချက်ကြီးကထူးဆန်းလွန်းနေသည်။

သေချာအောင်တော့စောင့်ကြည့်ချင်သေးသည်။

ထိုစဉ်!!မိမိမှာ ထိုင်ခုံပေါ်ကနေအောက်ကိုဘယ်လိုရောက်သွားမှန်းမသိပေ။

"ဝမ်ရိပေါ် မင်း"

"ဘာလဲ ဘာကိုမင်းလဲ။အပမှီသွားတာလား။ ငုတ်တုတ်သေနေတာလား။ ငါပြောတာနားမဝင်ပဲနဲ့ Geကိုထိုင်ကြည့်နေတာများ အနှစ်နှစ်အလလက မတွေ့ရတဲ့သူကျနေတာပဲ"

"ရိပေါ် ....Geကိုမေးစရာမရှိဘူးလား"

"Ge ပြောပြချင်ရဲ့လား "

"Ge အကုန်ပြောပြမှာပါ တခုလောက်တော့တောင်းဆိုပါရစေ ဟိုကောင်လေးကို ရိပေါ်ဖမ်းထားတာမလား လွှတ်ပေးပါ Geအတွက်အနစ်နာခံတာ များနေပြီ"

"ဒါဆို Geတို့က"

"ရိပေါ်ထင်သလိုမဟုတ်ပါဘူး သူနဲ့Geကဘာမှမပတ်သတ်ဘူး။ Geကသူ့မိသားစုကိုကယ်ပေးထားလို့ သူကကျေးဇူးဆပ်တာပါ"

"ဖြစ်စေရမယ် Ge ကျနော်လွှတ်ပေးပါ့မယ်"

"Ge အလယ်တန်းတုန်းက အဲဒီ ရှောင်ကျစ်ဆိုတဲ့လူနဲ့တွေ့ခဲ့တယ်"

Flashback start!

(AN.ရိုင်းစိုင်းသောအကြောင်းအရာများပါဝင်ပါသည်။)

ကျိုးချန် အခုတလောကျောင်းသွားကျောင်းပြန်တိုင်းမှာ နောက်ကလူပါလာသလိုခံစားနေရသည်။

စိတ်ထင်တာပါလေလို့သာ ထိုတိုင်းထားလိုက်၏။

ရီပို့ကဒ်လေးကိုကိုင်ကာပျော်မြူးးနေသော ကျိုးချန်။
ထိုနေ့က သူ့အပျော်လေးတွေကြာကြာမခံခဲ့ပါ။

ကျိုးချန်ဆိုသောကောင်လေးဟာ ချမ်းသာပေမယ့် သူများတွေလိုဟိတ်ဟန်မများပါ။

ကျောင်းသွားကျောင်းပြန်မှာလည်း ကားပင်မယူ ခြေကျင်သာသွား၏။

အဲဒီလိုလုပ်ခြင်းဟာ သူ့ဘဝကိုပျက်စီးသွားစေမယ်ဆိုတာသာသိခဲ့ရင် သူထိုသို့လုပ်ခဲ့မိမှာမဟုတ်။

ဦး ချစ်ရတဲ့ ဂျစ်ကန်ကန်ယုန်ကလေး (Completed) Onde as histórias ganham vida. Descobre agora