"Okay သိပြီ"

- ထိုင်ခုံကနေပြီး ကုတင်ပေါ်မှာတက်လှဲနေရသည်။ ဖုန်းလေးဖွင့်လိုက်တော့လည်း activeဖြစ်မနေတဲ့ Kang Taehyunဆိုသော account nameလေးနှင့် Choi Yeonjunဆိုသော account nameနှစ်ခုကိုသာ နှိပ်မိနေသည်။ စာမပြန်နိုင်တာသိပေမဲ့ သူငယ်ချင်း ငါမင်းကိုသတိရတယ်။ -
.
.
.
Hoseok & Jungwon POV:

- အမှုကိုစုံစမ်းလို့ရတာနဲ့ချက်ချင်း Yoon groupရဲ့ အိမ်သို့လိုက်သွားခဲ့သည်။ သို့သော် အိမ်သားတွေအကုန်လုံးက အိမ်မှာမရှိဘူးဟုပြောသည်။ -

"တာဝန်အရ စစ်ဆေးလို့ရမလား။ "

"စစ်ဆေးရအောင် ဘာကိုစစ်ဆေးမှာလည်း။
ငါ့သမီးပျောက်နေလို့ ပြန်တောင်ရှာပေးရဦးမှာကို ဘယ်ကိုလာပြီး ငါတို့သမီးကို တရားခံပါလို့စွပ်စွဲနေရတာလည်း။ "

"တရားခံပါ။ စွပ်စွဲတာမဟုတ်ပါဘူး။
စုံးစမ်းစစ်ဆေးမှုရလဒ်နဲ့ CCTV record က သက်သေရှိပါတယ်။ အနုပညာတက္ကသိုလ်က ကျောင်းသားနှစ်ယောက်ကိုတိုက်သွားမိတဲ့ကားက ဒီအိမ်ရဲ့သမီးYoon Ruby....ခင်ဗျားရဲ့သမီးပါ။ "

"အဲ့သေသွားတဲ့ကောင်လေးနဲ့ ကျုပ်သမီးနဲ့ပြဿနာရှိဖူးလို့လား။ သေသွားတာက ရဲမှူးကြီးနဲ့တစ်အိမ်တည်းအတူတူနေတဲ့ကောင်လေးဆို....အဲ့ဒါကြောင့်မလို့ ကျုပ်သမီးကိုလာစွပ်စွဲနေတာလား။ "

"ဒီမှာ....ကိုယ်ရေးကိုယ်တာနဲ့ အလုပ်ကိုမရောထွေးတတ်ပါဘူး။ တရားခံYoon Rubyရဲ့ကားနံပါတ်ကို CCTVမှာမြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ မောင်းထွက်သွားခဲ့တဲ့မိန်းကလေးတစ်ယောက်ကလည်း တရားခံYoon Rubyပါ။ "

"မရှိပါဘူးဆိုမှ....ကျွန်မတို့သမီး ဒီမှာမရှိပါဘူး။ "

"ဒါကတော့ ရှာကြည့်ရင် သိမှာပေါ့။
ဂျောင်ဝန်....ရှာလိုက်တော့ "

"ဟုတ်ကဲ့ "

- Jungwon က အဖွဲ့နဲ့အတူတူစစ်ဆေးရန်ပြင်လိုက်သည်။ -

"ဒီမှာ မရှိပါဘူးဆိုမှ....အခုဘာလုပ်နေတာလဲ"

- သူတို့ဂရုမစိုက်ဘဲနဲ့ အပေါ်ထပ်သို့တက်ကာ ရှာကြသည်။ -

Forever[Completed]Where stories live. Discover now