mental hurt..1

10 1 0
                                        

ခေတ်ဆုတ်ရဲ့ စနစ်ပျက်ထဲမှာ
ငါဟာ..ကူကယ်ရာမဲ့ခဲ့
ဘဝကို ဘာအတွက် ဆက်နေရလဲ
​ရည်မှန်းချက်က ဗလာ
ကြိုးစားချင်စိတ်က နတ္ထိ
ငွေဆိုတဲ့ လောကနွံအောက်မှာ
ကျဆုံးခဲ့ရ
စားဝတ်နေရေးအတွက် ထွက်ပေါ်လာတဲ့
ပူဆွေးသံတွေ
မိသားစုချင်း နွေးထွေးမှုတွေရှားလာ
ပူဆွေးခြင်းကို ရင်ဝယ်ပိုက်လို့
ငါတို့ လုပ်နိုင်တာ ဘာရှိလဲ...
မျက်ရည်ကျရုံကလွဲ ဘာလုပ်နိုင်မလဲ
ကောင်းကောင်းအိပ်မပျော်တဲ့
ညတွေဆက်လို့
ခံစားမှုတွေ မဲ့လာရတာ
ခေတ်ပျက်ရဲ့စနစ်ဆိုးတွေကြောင့်ဘဲ...
မျှော်လင့်ချက်တစ်ပိုင်းတစ်စကို ဆွဲဆုပ်နေရတဲ့အခါ....
အားလုံးကို လွှတ်ချပြီး လွတ်မြောက်ချင်တာအခါခါ...
ဒီဆုတစ်ခုတော့ ပြည့်ချင်ပြီလေ...
ပူပင်ကြောင့်ကျမှုဆိုတာမရှိ ကောင်းစွာအနားယူချိန်လေးသို့...

#shun
11:24pm

Pieces of lifestyle....Historias para obsesionarse. Descúbrelo ahora