Unknown Number

344 23 4
                                    

'ငါ့ယောင်္ကျားအိမ်ပြန်မလာဘူး သူ့ကိုသိပ်လွမ်းတာပဲ'

ရှဲ့မျန် ထိုမက်ဆေ့ကိုမြင်ပြီးနောက်အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်သူကဒီတိုင်းနှောင့်ယှက်တဲ့မက်ဆေ့ထင်ပြီးဖျက်လိုက်သည်။

ဒါပေမယ့်သိပ်မကြာခင်မှာပဲ နောက်ထပ်မက်ဆေ့တစ်ခုပေါ်လာသည်။ 'ငါမကြာသေးခင်က အဝါရောင်နဲ့အပြာရောင်ကြယ်တွေမြင်လိုက်တယ် ငါ့ယောင်္ကျားကိုဒီအကြောင်းပြောပြပေမယ့် သူကအဲ့တာပုံမှန်ပဲလို့ပြောတယ် ဒါပေမယ့်တစ်ကယ်ရောပုံမှန်ဟုတ်လို့လား?'

ရှဲ့မျန်တစ်ချက်မျှကြည့်ပြီးနောက် ဖျက်လိုက်သည်။

သူ့ထိုင်ခုံဖော် ချူကျန့်က သူဖုန်းကိုမကြာမကြာကြည့်နေတာမြင်ပြီး ဘာလဲဟုမေးလာသည်။

'ဒီတိုင်းလျှောက်ပို့နေတဲ့မက်​ဆေ့တွေပါ ငါဖျက်လိုက်ပြီ' လို့ရှဲ့မျန်ဖြေလိုက်တော့ ချူကျန့်ကရယ်သည်။

'မင်းကအရမ်းတုံးတာပဲ မင်းကိုတိတ်တခိုးကြိုက်နေတဲ့သူတို့ဘာတို့ပို့တာဖြစ်မှာပေါ့'

'ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'ရှဲ့မျန်ချက်ချင်းပင်ငြင်းလိုက်သည်။

ချူကျန့်လဲတခြားဘာမှဆက်မပြောတော့ပါ။ သူတို့ဟာအထက်တန်းတတိယနှစ် စီနီယာကျောင်းသားများဖြစ်ကြသည့်အလျောက် သူတို့ရဲ့စာသင်ကြားရေးအတွက်စိတ်လှုပ်ရှားနေကြသည့်အချိန်ဖြစ်သည်။ရှဲ့မျန်ဟာတော်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ပြီး အဆင့်ဆိုရင်လဲအမြဲတမ်းထိပ်ဆုံးမှာပင်။ယခုတောင် သူဟာမပြီးဆုံးနိုင်တဲ့လေ့ကျင့်ခန်းများဖြင့်အလုပ်ရှုပ်နေသူဖြစ်သည်။

ဒါပေမယ့်သူကဒီတိုင်းနှောင့်ယှက်နေတယ်လို့ထင်တဲ့ဖုန်းနံပါတ်ကမက်ဆေ့တွေဆက်ပို့နေသည်။
'ငါ့ယောင်္ကျားပြန်လာပြီ ငါဒီနေ့ကောင်းကောင်းလုပ်ခဲ့တာမို့သူကြိုက်တဲ့ကိတ် ငါ့ဖို့ဝယ်လာတယ်'

ရှဲ့မျန်ထိုနံပါတ်ကိုဘလော့လိုက်သည်။ ဒါ​ပေမယ့်ဘာကြောင့်မှန်းမသိထိုနံပါတ်မှာသူ့ကိုဆက်ပြီးမက်ဆေ့ပို့လို့ရနေဆဲပင်။

Unknown Number (MM Tran)Место, где живут истории. Откройте их для себя