" ဪ…… "
နှစ်ယောက်သားကြားမှာပြောစရာစကားမရှိတော့သလိုခဏတော့တိတ်ဆိတ်သွားကြပြန်သည်။
" ဘာဖြစ်လို့မယ့်အဲလို့ခေါ်ကြတာထင်သလဲ "
ရွာလယ်လမ်းကနေထွေးမတို့အိမ်လေးဘက်လမ်းအချိုးမှာဘုဏ်းမိုရ်ဆီကမေးသံထွက်လာပြန်သည်။ငြိမ်းချမ်းတော်တော်နဲ့မဖြေမိ။မဖြေမိတာဆိုငြိမ်းချမ်းလည်းဒီလိုခေါ်ကြတဲ့အရင်းအမြစ်ကိုသေချာမသိ။
ထွေးမတို့အိမ်ဆီသွားရာလမ်းကရွာထဲလမ်းပေမဲ့ ပေါင်းပင်မြက်ပင်တွေမရှိဘဲသာသာယာယာပြန့်ပြန့်ပြူးပြူး။မနက်တိုင်းတံမြက်စည်းလှည်းထားကြတယ်ထင်ပါရဲ့။လမ်းမမြေပြင်မှာအမှိုက်တစ်စကစမရှိ။
လမ်းဘေးတစ်ဘက်တစ်ချက်အိမ်ဝင်းတွေထဲမှာစိုက်ထားတဲ့သရက်ပင်၊ပိန္နဲပင်၊မန်ကျည်းပင်တို့ရဲ့အရိပ်တွေကြောင့် လမ်းမထက်မှာနေပူနေခြင်းလဲမရှိ။အေးမြတဲ့အရိပ်တွေကြောင့်လမ်းလျှောက်သွားနေရတာကလည်းအေးအေးချမ်းချမ်း။
" ကိုချမ်း… ငါမေးတာဖြေဦးလေ "
" အင်း… ငါလည်းစဉ်းစားနေတာ၊ ဒီအကြောင်းကို သေချာမသိဘူး "
" အော............ "
ဘုဏ်းမိုရ်ရဲ့ အော ဆိုတဲ့အမေဋိတ်သံကိုငြိမ်းချမ်းမခံချင်။ဒီရွာမှာနေပြီး ဒီလောက်တောင်မသိရကောင်းလားဆိုတဲ့လေသံမျိုးနဲ့။
" တို့ရွာကလူကြီးတော်တော်များများက သူတို့တွေ့ချင်သူကိုမေးကြတဲ့အခါ ကလေးတွေကို နင့်မအေဘယ်သွားလဲ မင်းဖအေဘယ်သွားလဲ အဲလိုမေးကြတာ၊ အဲလို မအေ ဖအေ အပြောကနေကလေးတွေကနားယဉ်ပြီး မယ့်အဲ ဖအဲ ဖြစ်လာတယ်ထင်တာပဲ၊ သေချာတော့မပြောတတ်ပါဘူး "
" အင်း… ဖြစ်နိုင်တယ်၊ ကိုချမ်းက ဖလော်ဆော်ဖာလုပ်ရင်တောင်ရလောက်တယ်၊ အတွေးအခေါ်ကောင်းတယ် "
" လူကိုလာပြောင်မနေနဲ့၊ မင်းမေးလို့လည်းဖြေပေးရသေးတယ် "
ငြိမ်းချမ်းလေသံကခပ်ဆတ်ဆတ်နိုင်သွားသည်ထင်သည်။ဘုဏ်းမိုရ်ကငြိမ်းချမ်းလက်တစ်ဘက်ကိုလာကိုင်ရင်း လေသံပျော့ပျော့နဲ့ချော့သည်။
YOU ARE READING
💕 ချစ်သောအမောင်
Romanceနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
💕 Twenty-two
Start from the beginning
