"ဟုတ်လား.... ထိခိုက်မိတဲ့လူရှိသေးလား။ "

//ကျောင်းသားနှစ်ယောက်ရှိပါတယ် ဆရာ။
ထိခိုကိမိသူက အနုပညာတက္ကသိုလ်တတိယနှစ်က ကျောင်းသားChoi Beomgyuရယ်၊ ဒုတိယနှစ်က Kang Taehyunရယ်ပါ။ //

"ဘာကွ....အခု အဲ့ကလေးတွေဘယ်မှာလည်း"

//ဆေးရုံကိုပို့လိုက်ပြီ ဆရာ//

"အဲ့မှုခင်းနေရာကို ငါကိုယ်တိုင်လာကြည့်မယ်။
ပတ်ဝန်းကျင်မှာရှိတဲ့ CCTV တေ​အေကုန်စစ်ထား။ "

//ဟုတ်ကဲ့ //

-ဂျောင်ဝန်ဆီကဖုန်းချတာနဲ့ ဆောင်းဂျယ်ဆီဖုန်းဆက်လိုက်သည်။ -

"ဂန်ဆောင်းဂျယ်....မင်းရဲ့သားaccidentဖြစ်လို့....မင်းဆေးရုံကိုလိုက်သွားမှဖြစ်မယ်။ "

/ဘာ..../

-သူ့ဖုန်းကိုအရင်ချသွားသည်။
သူလည်းအချိန်ဆွဲမနေဘဲ မှုခင်းဖြစ်သည့်နေရာသို့ရောက်အောင်သွားရသည်။ -
.
.
.
-ဆေးရုံကားပေါ်တွင် taehyunဆီသို့ soobinနှင့် Kaiကလိုက်လာသည်။ beomgyuဆီကိုတော့ yeonjunနှင့် hyunjinပင်။ felixက yeonjunကားကိုမောင်းလာသလို junkyuကသူ့ကားဖြင့်လိုက်လာလေသည်။ -

-taehyunကားပေါ်ရောက်တော့ မျက်စိဖြေးဖြေးချင်းပွင့်လာသည်။ ထို့အပြင် kaiကသူ့လက်ကိုကိုင်ထားသည်။ -

"Taehyun ငါပြောတာကြားလား။
မင်းလက်လျှော့လိုက်လို့မဖြစ်ဘူး....အသက်ဆက်ရှူနေပေး....သတိထားထားဦး။ ငါတို့.....ငါတို့ မင်းဘေးမှာရှိနေတယ်။ "

-soobinပြောတာတွေကို ကြားတစ်ချက်မကြားတစ်ချက်ဖြစ်နေသည်။ စူးစူးဝါးဝါးအသံတစ်ခုကြားလိုက်ရပြီး တတီတီမြည်နေသောအသံကြောင့် သူ့ခေါင်းပိုကိုက်ရသည်။ -

*ငါ့ကောင်တို့ ငိုမနေပါနဲ့....။
ငါမရှိလည်းအဆင်ပြေအောင်နေနိုင်ကြမှာပါ....။
အရင်ဆုံးထွက်ခွာရသူဖြစ်လာပြီမလို့ ချွဲဆူဘင်းမင်းကပထမမဟုတ်တော့ဘူး။ *

- သူ့အခြေအနေသူသိသွားတာများလား။
အတွေးစကိုရပ်လိုက်တာနဲ့ ထပ်မံဝင်ရောက်လာသောအတွေးတစ်ခု။ -

Forever[Completed]Where stories live. Discover now