Prologue

667 62 4
                                    

အချိန်တချို့ကို ပြန်ရစ်ကြည့်ရင် အချစ်တွေဟာ မွတ်မွတ်သိပ်သိပ် တကယ်ပဲရှိခဲ့ပါတယ် ။
ဒါပေမဲ့ အက်ကွဲကြောင်းတွေကို တွေးမိတိုင်းတော့ ဘဝဟာ လိုသလို ပြန်ရစ်လို့ရတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မနေခဲ့ ။

သူက နေရောင်ခြည်လေးလို လူဖြစ်ပြီး
ကျွန်တော်က ညသန်းခေါင်မှာရွာတဲ့မိုးလိုလူ ။
သူက အရာအားလုံး ပြီးပြည့်စုံခဲ့သလောက်
ကျွန်တော်ကတော့ ဖြည့်နိုင်စွမ်းမရှိတဲ့ကွက်လပ်တွေကို ရူးရူးမိုက်မိုက် ထွေးပိုက်ထားခဲ့တဲ့သူ ဖြစ်ခဲ့တယ် ။

ဆန့်ကျင်ဘက်တွေကို အတင်းအကျပ် မျက်နှာချင်းဆိုင်စေခဲ့ရင်းက ထိန်းမနိုင်စွာ လွတ်ထွက်သွားခဲ့ကြတာပဲ ။
မထင်မှတ်ထားလောက်စရာက အဲ့ဒီထဲ ချစ်ခဲ့သမျှ အကုန်ပါသွားခဲ့တာ ။

___

Midnight rainကို ဆက်တိုက်နားထောင်ဖြစ်နေလို့ ရေးမလို့ပါ ။ အကြံလေးရတာနဲ့ Prologueလာတင်ထားတာ ။
Bye My Firstပြီးရင် ရေးပါ့မယ် ။

Midnight Rain || NoMinWhere stories live. Discover now