စိတ်ရှုပ်ရှုပ်နဲ့ ခေါင်းမော့ကာ လေအဝရှုနေတုန်း...
တောထဲမှ "အား" ဆိုတဲ့အသံနက်တခုဟိန်းထွက်လာလေသည်။
ဘယ်လောက်ကျယ်သလဲမမေးနဲ့ တိတ်ဆိတ်နေတဲ့တောနက်ထဲထိုအသံဟာအတော်ကျက်သီးထစရာကောင်းသည်။'ကျစ် ဘာတွေဖြစ်နေကြပြန်ပြီလဲ မင်းတို့ေ-ာက်လုပ်ကြီးပဲ'
စုတ်သတ်တခုချကာ သူတို့တွေဝင်သွားတဲ့လမ်းသို့ ဉီးတည်လိုက်သည်။
"ထိုဉီးတည်ချက်ကမှားသွားမယ်လို့ဘယ်သူကထင်မှာတဲ့လဲ"
အမှောင်ထဲကဓာတ်မီးရောင် မီးပြပြထဲတွင်တယောက်ထဲစမ်းတဝါးဝါးလျှောက်နေရသည်။
လျှောက်လာတဲ့တောလမ်းတလျှောက်လဲ ကိုယ့်ခြေသံကလွဲလို့ ဘာအသံမှမကြားလောက်အောင်တိတ်ဆိတ်နေလေသည်။
တချက်တချက်တောကောင်တွေရဲ့အသံတွေတော့ကြားရတာပေါ့
ရုတ်တရက်ဆိုသလို ခြေသံဟာ နှစ်ခုထပ်နေသလိုခံစားလာရသည်
ကိုယ့်နောက်ကတယောက်ယောက်ပါလာသလိုခံစားချက်က လူကိုကျောချမ်းစေသည်
ခြေလှမ်းတခါလှမ်းတိုင်းတယောက်ယောက်ပါလာသလိုပင်
စိတ်ကိုအတတ်နိုင်ဆုံးငြိမ်အောင်ထားပြီး ခပ်မြန်မြန်လျှောက်လေလေ ပိုနီးနီးလာတဲ့ခြေသံတွေ
မတက်နိုင်တဲ့အဆုံး အားအကုန်သုံးကာ အရှေ့တန်းတန်းမတ်မတ်ပြေးလိုက်တော့သည်။ခြေသံကပိုနီးလာတာမို့ ပြေးရင်းပြေးရင်း တောကနက်သတက်နက်လာပြီး ဘယ်နေရာရောက်နေမှန်းမသိတော့ အစထဲကမသိတာဆိုပိုမှန်မည်။
ကြာလာတော့လူကလဲမောနေပြီ နောက်တော့ တောလယ်လို့ထင်ရတဲ့နေရာလောက် ကအိမ်လိုလို ဘာလိုလို အရာတခုကိုခပ်ရေးရေးလှမ်းမြင်နေရသည်။
ထိုနေရာဆီကိုမိုင်ကုန်ပြေးရင်း ရုတ်တရက်ဆိုသလိုအရှေ့မှာရောက်လာတဲ့အရိပ်တခုကြောင့်နောက်သို့ပစ်လဲကျတော့သည်။
'ဟျောင့် မင်းဘယ်ကဘယ်လိုဒီရောက်လာတာလဲ'
'ပြောတော့မလိုက်ဘူးဆို အခုကျ သရဲလိုက်သလိုသွေးပျက်ပြီးပြေးလာပါလား'
Intro
Start from the beginning