အိမ်ထွက်သီးနှံတွေဖြစ်တဲ့ ငှက်ပျောသီးတွေ၊သင်္ဘောသီးတွေ၊ရွှေဖရုံသီးတွေ၊ကျောက်ဖရုံသီးတွေနဲ့အုန်းသီးတွေကိုသာများများတွေ့နေရသည်။
ဇလုံတစ်ချပ်ထဲမှာတော့ ငါးရာတန်တစ်ထောင်တန်စသည်အားဖြင့်ဆရာတော်ကိုကန်တော့မည့် ဝတ္ထုပူဇာငွေများရှိနေပြီး နှမ်းဆီဘူးလေးငါးဆယ်ဘူးနဲ့အတူ ဆန်တွေနဲ့ပြည့်နေတဲ့တော်တော်ကြီးကြီးဇလုံနှစ်ချပ်လည်းရှိသေးသည်။ဆရာတော်ကန်တော့ရန်လှူဖွယ်ဝတ္ထုကတော့ဒါအကုန်ပဲဖြစ်သည်။
ငြိမ်းချမ်းတို့လည်းကိုင်လာတဲ့ တံခွန် ကုက္ကားတွေကို သူ့နေရာသူထားပြီးတဲ့အခါ ဆရာတော်ကိုကန်တော့ဖို့ရှေ့ဆုံးတန်းကထိုင်ကြသည်။
ဆီးမီးအုပ်ရွက်သူတွေလည်းရောက်လာကြပြီမို့ ဆရာတော်ထိုင်မဲ့ထိုင်ခုံနဲ့ငြိမ်းချမ်းတို့ထိုင်နေတဲ့ရှေ့ဆုံးတန်းအကြားမှာဆီမီးအုပ်တွေချထားလိုက်ကြပြီး ဆရာတော်ကိုကန်တော့ဖို့ နေရာယူကြသည်။
လူစုံလို့ကန်တော့ကြတဲ့အခါ ဆရာတော်ကငါးပါးသီးလပေးပြီးဆုံးမဩဝါဒပေးပါသည်။ထူးထူးထွေထွေတော့မဟုတ်ပါ။ထန်းရေအရက်သေစာသောက်စားတာလျှော့ကြဖို့၊ရွာသူရွာသားအချင်းချင်းချစ်ချစ်ခင်ခင်နေကြဖို့၊ကုသိုလ်အလုပ်တွေကိုလုပ်နိုင်သမျှလုပ်ပြီး အကုသိုလ်အလုပ်တွေကိုတတ်နိုင်သမျှရှောင်ကြဖို့တို့ဖြစ်သည်။
" ကဲကဲ စကားရှည်ရှည်တရားရှည်ရှည်ပြောဟောမနေတော့ပါဘူး၊ နိဗ္ဗာန်ဈေးလည်းရှိသေးတာဆိုတော့ ကျုပ်ကတရားဟောနေလည်းစိတ်ဝင်စားကြမှာမဟုတ်ပါဘူး၊ ခင်ဗျားတို့စိတ်ကနိဗ္ဗာန်ဈေးရောက်နေမှာရယ် "
ကန်တော့နေသူတွေဆီကရယ်သံတွေထွက်လာသည်။
" ကဲကဲ… သွားကြသွားကြ… နိဗ္ဗာန်ဈေးမှာကြိုက်တာကိုအဝစားကြ၊ အရမ်းမတိုးကြနဲ့နော်၊ စည်းကမ်းရှိရှိနဲ့တန်းစီပြီး ကိုယ်စားချင်တာကိုစားကြ "
ဆရာတော်စကားအဆုံးမှာ လူတွေအားလုံးလှုပ်လှုပ်ရွရွဖြစ်လာသည်။ဒီအချိန်မှာပဲလူပျိုကြီးကိုသာတုတ်ဆီကအသံထွက်လာသည်။
VOUS LISEZ
💕 ချစ်သောအမောင်
Roman d'amourနဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️ yawthawemaung နဖူးစာမှန်ပြီဆိုရင် သိကြားမင်းဆင်းခွဲတောင် မကွဲတော့ဘူးတဲ့ ❤️❤️
💕 Twenty
Depuis le début
