အပိုင်း ၉

Mulai dari awal
                                    

"ဟုတ်ကဲ့ပါ ဆရာ အဲ့တာဆို ကျတော့်ကိုခွင့်ပြုပါအုန်း သခင်ကြီး ကျတော်သွားပါအုန်းမယ်ဗျ "

"အေးအေး ဟုတ်ပြီ "

ဒဂုံ ထွက်သွားလေသည်။

%%%%%%%%%%

"ဟယ်လို ဂျော်နီလား "

"ဟုတ်ကဲ့ သခင်မကြီး ပြောပါခင်ဗျ "

"ဘာထူးသေးလဲ "

"ကျတော် အဲ့အိမ်ကိုစောင့်ကြည့်နေပါတယ်ဗျ မမလေးဆည်းဆာကိုလဲတွေ့တယ် ဒါပေမဲ့ ဝင်ဖို့ကတော့လုံးဝမဖြစ်နိုင်ဘူး သခင်မကြီး "

"ဘာလို့မဖြစ်ရတာတုန်း ဘယ်လောက်တောင်လူအင်အားများမှာမလို့လဲ ဒါလေးတောင်မရကြဘူးလား "

ဂျော်နီစကားကြောင့် ဒေါ်မြတ်သီတာ ဒေါသထွက်သွားလေသည်။

"မလွယ်ပါဘူး သခင်မကြီး အဲ့အိမ်ကသာမန်မှမဟုတ်တာ Mafiaဂိုဏ်းအိမ်ပါ ကျတော်တို့သေချာစီစဥ်မှဖြစ်မှာပါ "

"ကောင်းပြီ အဲ့ဆိုလဲအခွင့်ရေးရတာနဲ့ ​ဆည်းဆာကိုခေါ်လာခဲ့ကြ ဒါနဲ့ သူတို့ဂိုထောင်တည်နေရာတွေသိလား "

"နှစ်နေရာတော့သိပါတယ် "

"အဲ့နေရာတွေကို ငါ့ကိုမြန်မြန်ပို့ပေး "

"ဟုတ်ကဲ့ "

ဒေါ်မြတ်သီတာ ဖုန်းကျသွားပြီးနောက် နောက် ခုံပေါ်ထိုင်လ်ုက်​လေသည်။

"မင်းတိမ်ယံ မင်းတိမ်ယံ နင်ကငါ့အတွက်တော့ ဂြိုဟ်ဆိုးဘဲ "

%%%%%%

"မောင် ဆည်းဆာပြောစရာရှိတယ် "

ဆည်းဆာ မှန်တင်ခုံရှေ့မှာထိုင်ရင်းပြေညလိုက်တော့ တိမ်ယံ ကုတင်ပေါ်မှာထိုင်နေရာကနေ ထလာလေသည်။

ပြီးတာနဲ့ ဆည်းဆာဘေးမှာဝင်ထိုင်ပြီး

"အင်း ပြောလေ သဲလေး ဘာဖြစ်လို့လဲ "

"ဆည်းဆာ ဒီထဲမှာနေရတာအရမ်းမွန်းကြပ်လာတယ် ဆည်းဆာကို အပြင်ခနလောက်လိုက်ပို့ပေးလို့မရဘူးလား "

"သဲလေးကဘယ်သွားချင်လို့လဲ "

"shopping ခနလောက်ထွက်ချင်တယ် ဘယ်ဖြစ်ဖြစ် အပြင်ထွက်ရပြီးရော "

ချိုမြိန်သော ကလဲ့စား(သူ့တစ်ယောက်သာ)Tempat cerita menjadi hidup. Temukan sekarang