"အဲ့ခင်ဗျားကြီးကြောင့် သူများရပ်ကွက်လာပြီး နှောက်ယှက်နေတာ မျက်နှာတောင် ဘယ်နားထားရမှန်းမသိဘူး"
"ကိုယ့်ရင်ခွင်ထဲ ထည့်ထားလိုက်လေ" မျက်နှာကိုလက်ဖဝါး နုနုလေးများဖြင့် ကွယ်ပြီးပြောနေကောင်လေးကို မြူဇ္ဇူမောင် တက်လုပ်...အယ်မှားလို့မှားလို့ ဖွက်ထားပစ်ချင်မိသည်။
(လရောင်ရဲ့ချစ်ဖို့ကောင်းနေမှုကြောင့် မြူဇ္ဇူမောင် တောင်စကားတွေမှားကုန်ပြီး😞)
"ဒီမှာ မြူဇ္ဇူမောင် ခင်ဗျား စကားလုံးတွေနဲ့ ခြွေတိုင်း ကြွေကြရအောင် ကျွန်တော့ သစ်ပင်မဟုတ်ဘူး"
မြူဇ္ဇူမောင်ဘာမှပင် ဆက်မပြောနိုင် ဒီလောကမှ မောင့်ကို ပြန်ပြော်ရဲ့သာ လရောင်ပဲ ရှိတယ်ဆိုတာ သိရက်လားကလေးရယ်။ မင်းကို တစ်နေတစ်ခြား ချစ်တဲ့အချစ်တွေက မလျော့ကြတဲ့အပြင် ပို၍တိုးလာတယ်။
"ဟေ့လူ ခင်ဗျား အဲ့လောက်ကြည့်နေတာ ကျွန်တော့မနေတက်ဘူးဗျ" စကားပြန်မပြောပဲ သူကို စိုက်ကြည့်နေတဲ့သူကြောင့် လရောင်မနေတက်တော့ပဲပြောလိုက်သည်။
"ကိုယ့်ကမင်းကို ကြည့်မနေလို့ ဆွဲစားရမှာလား"
"ဟာ ခင်ဗျားကလေ ပြောလေဆိုးလေမန်းလေးပြဲလေပဲ ဘာလဲ ခင်ဗျားက ထိုးမုန့်လား တော့ပြီးဗျ ခင်ဗျားနဲ့ မပြောတော့ဘူး သွားပြီး ကျွန်တော့နောက်လိုက်မလာနဲ့လိုက်လာလို့ကတော့ မြင်တာနဲ့ ကောက်ထုမှာ"
ယောကျၤားတိုင်း သူတို့မိန်းမကို ကြောက်တယ်ဆိုတဲ့ ကိုမြူဇ္ဇူအခုချိန်လေးတင်သိလိုက်သည်။လူတစ်ယောက်သတ်ဖို့ဆိုတာ တစ်ခြားလူတွေအတွက်ခက်ခဲပေမဲ့ မြူဇ္ဇူမောင် အတွက်တော့ လွယ်လွန်းလှသည့် လူမျိုးက တစ်ချက်ကထိရုံနဲ့ပစ်လှဲကြနိုင်သည် အကောင်ပေါက်လေးကိုတော့ ကြောက်ရသည်အတွက် မတက်နိုင်တဲ့အဆုံး မြူဇ္ဇူမောင် လရိပ်ရောင်နောက်ကို တိတ်တိတ်လေး လိုက်ရပြန်သည်။
တစ်နာရီကျော်ကျော်လျှောက်လာသည့် ခြေလှမ်းတွေဟာ ဘယ်အချိန် ဘယ်နေရာမှာ ရပ်တန့်မည့်ကို မြူဇ္ဇူမောင် စိတ်ဝင်စားသည့် လရိပ်ရောင်နဲ့ပတ်သတ်သမျှ သူအကုန်သိချင် မိသည်။လျှောက်လာသည့် ခြေလှမ်းများဟာ အရက် Barဆိုင်တစ်ခုရှေ့မှာရပ်တန်သည့်မို့ မြူဇ္ဇူမောင် အံဩရသည်။ ဆိုင်ရှေ့ကနေ ဖုန်းပြောရင်း ပျော်နေသည့်မို့ ဖုန်းထဲကလူကို မြူဇ္ဇူမောင်စိတ်တိုမိသည်။
chapter_3 (Unicode+zawgyi)🚨🚨
Start from the beginning
