chapter_3 (Unicode+zawgyi)🚨🚨

647 11 0
                                        

(Unicode)
"သခင်ကြီး သခင်လေး သဘောကြနေတဲ့လူရဲ့ အကြောင်းတွေသိခဲ့ပါပြီး ဒါပေမ‌ဲ့ ဟို...ဟိုဟာလေ"

ဦးကျော်မင်းထက် စကားကိုဆက်မပြောရဲပဲထစ်နေတဲ့ ဇေယျာကို စိတ်မရှည်တော့ပေ ဖတ်လက်စ စာအုပ်ကိုပိတ်ပြီး ဇေယျာကို မောကြည့်လိုက်သည်။

"ပြောလေ သူက ဘာဖြစ်လို့လဲ ငါ့တို့အတွက်အန္တာရယ်ရှိတာလား"

"မဟုတ်ပါဘူး သခင်ကြီး သခင်လေးကြိုက်နေတဲ့သူက ဟို...ဟိုလေ"

ဦးကျော်မင်းထက် သီခံတဲ့အတိုင်းအတာ ကျော်လွန်လာ၍ ဘေးနားက စာပွဲခုံကို လက်ဖဝါးကို ကျယ်လောင်စွာ ရိုက်ချလိုက်သည်။

"သူက ယောကျၤားလေးပါ"

"အော် ဒါလေးများ ပြောဖို့ကြောက်နေတယ် ဇေယျာရယ်"

ဒေါသမထွက်တဲ့အပြင် ပြုံးရယ်နေတဲ့ သခင်ကြီးကို ဇေယျာ နားမလည်။

"ဒါပဲလား သူသတင်းအကုန်က"

"မဟုတ်ပါဘူး သူနာမည်က လရိ‌ပ်ရောင်ပါ အသက်က သခင်လေးထက် တစ်နှစ်ငယ်တယ် ပြီးတော့ သခင်ကြီး သူငယ်ငယ်တုန်းက car accident ဖြစ်ဖူးတယ်"

"ဟက်...နောက်တစ်ချိန်မှာ ဒီအကွက်က ငါ့အတွက် အနိုင်ရကွက်ဖြစ်နိုင်တယ် ဇေယျာ မင်းတော်တယ် မင်းကငါ့ရဲ့နောက်လိုက်တွေထဲမှာ အတော်ဆုံးပဲ"

ဦးကေ‌ျာ်မင်းထက် သူ တူလေး ကောင်‌လေးကိုသဘောကြတာ အံဩမိသည့်ကအမှန်ပင်ဖြစ်သည်။ဒီအချက်ကပဲ သူအတွက် အသုံချခံတစ်ခုအဖြစ်အသုံးပြုလို့ ရသည့်ကို သတိထားမိသည်။

******************************************
လရိပ်ရောင်တို့အတွက် ဒီနေ့က သာယာတဲ့နေပင်ဖြစ်သည်။မနက်စောစောအလုပ်သွားဖို့ပြင်တုန်း ဦးမင်လှိုင်မှ ခွင့်တစ်ရက်ပေးသည့်မို့ အပျော်လွန်ပေမဲ့ မြူဇ္ဇူမောင်ဆိုတဲ့လူကြီးကြောင့် စိတ်ရှုတ်ရပြန်သည်။လရိပ်ရောင် အိမ်ကမထွက်လာမချင်း ကားဟွန်းကို အဆက်မပြက် တီးနေသော်ကြောင့် ဘေးပတ်ဝန်းကျင်ကလူတွေကို အားနားလွန်းလှသော်ကြောင့် မြူဇ္ဇူမောင် ခေါ်ရာနောက်သာလိုက်ရမည့်ဖြစ်သည်။

"နောက်ဆုံးတော့ မောင် ရဲ့အိမ်တွင်းပုန်းလေးထွက်လာရပြီပေါ့"

အချစ်ရဲ့ခေါ်ဆောင်ရာWhere stories live. Discover now