" စားလေ ပွသွားလို့ရှိရင်
စားမကောင်းတော့ဘူး ..."

" အင်း... "
မိုးည'မှာ ဗိုက်ဆာနေသည့်အလား ခေါင်းငုံ့ကာ
ခေါက်ဆွဲကို အပီဆွဲလေတော့သည် ။
နောက်ဆုံး ဟင်းရည်များကိုလည်း ခွက်မော့ကုန်စင်
သွားအောင် သောက်ပစ်လိုက်ပြန်သည်။

" စားကောင်းလား... "

" အင်း ကောင်းပါတယ်
ငါ့မှာခေါက်ဆွဲဖိုးပေးဖို့ ပိုက်ဆံ မပါလာဘူး
ရှေ့ကကုန်စုံဆိုင် ငါ့အမေရဲ့ဆိုင်ပဲ
စိတ်မပူပါနဲ့ မင်းကို ငါ့အမေဆီကတောင်းပြီး
ပေးမှာပါ... "

မိုးည' ထိုသို့ပြောသည့်အခါ မော်'က
ပြုံးလျက်စိမ့်ကြည့်ကြည့်လေသည် ။

" ဒီခေါက်ဆွဲဖိုးကို ခင်ဗျားပိုက်ဆံပေးဖို့မလိုပါဘူး
ကျွန်တော်ကျွေးတာပါ ..."

" ဘာအတွက်လဲ...
မင်းတို့ဆိုင်က အလှူလုပ်လို့လား "

" မဟုတ်ရပါဘူးဗျာ...
ခင်ဗျား ကျွန်တော့်ကို ရေကူခပ်ပေးလို့
ကျေးဇူးတင်တဲ့အနေနဲ့ ခေါက်ဆွဲကျွေးတာပါ "

" အော် ဟုတ်လား... "

မိုးည'က မဲ့ပြုံးပြုံးလိုက်သည် ။

" ငါက မင်းခေါက်ဆွဲအလကားကျွေးပြီး
လာဒ်ထိုးတယ်လို့ ထင်နေတာ ..."

" ဗျာ မဟုတ်ရပါဘူး
မဟုတ်ပါဘူးဗျာ...
အဲ့ကိစ္စက တစ်ခုခုအထင်လွဲနေတာဖြစ်ပါလိမ့်
မယ်... ကျွန်တော်ကျောင်းသွားဖို့ပြင်ဆင်ရတော့မှာ
မလို့ ခင်ဗျားလည်း ပြန်ချင်ပြန်လို့ရပြီနော်... "

မော်' ထိုသို့ စကားဖြတ်လေသည် ။

မယုံင်္ကာဖြစ်နေသည့်
မိုးည'က မော်'မျက်နှာကို တစ်ချက်
အကဲခတ်ကြည့်လိုက်ပြီး ဆိုင်မှ
ထွက်ခွာသွားသည် ။
ထိုအခါမှသာ မော်ဦးတစ်ယောက်လည်း
သက်ပြင်းချနိုင်တော့သည်။

.........................
အနောက်စျေးကလူဆိုးလေး ။

တစ်နေ့မှာ
အနောက်ပိုင်းမနက်စျေးက ကောင်ဆိုးလေး
တစ်ယောက်ရဲ့မျက်နှာချင်းက
ကုန်စုံဆိုင်ရှေ့ကို ခေါက်ဆွဲသည်မိသားစုလေး
တစ်စုက ရုတ်တရက်ပြောင်းရွှေ့လာခဲ့တယ်။
မိသားစုက ထိန်းချုပ်မနိုင်တော့အောင်
ဆိုးပေနေတဲ့ကောင်ဆိုးလေးနဲ့
နွေးထွေးကြင်နာတတ်တဲ့ကောင်လေးတစ်ယောက်
တို့ရဲ့ သံယောစဥ်တွယ်လာပုံနဲ့ အချစ်ဇာတ်လမ်း
လေးကို ပေါ့ပေါ့ပါးပါး စိတ်ကူးယဥ်ရေးဖွဲ့ထားခြင်း
သာဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်ကိုမှ
ထိခိုက်စေလို့တဲ့ ရည်ရွယ်ချက်မျိုးမရှိပါဘူးနော် ။

အနောက်စျေးက လူဆိုးလေး#Where stories live. Discover now