ဖြစ်ပြန်သည် ။

" စျေးထဲက မအေးမာ ခေါက်ဆွဲဆိုင်ပါ "

" ဘာ မအေးမာ... ဘယ်ကမအေးမာလဲ
တစ်စျေးလုံးက စျေးသည်တွေနာမည်ကို
ငါမှတ်မိတယ် ဒါပေမယ့် အခုမင်းပြောတဲ့
နာမည်တော့ ငါမကြားဖူးဘူး... အတိအကျပြော
ဘယ်နားကလဲ "

" ဟို... ဟို ဒေါ်ကြိုင်ကုန်စုံဆိုင်ရဲ့အရှေ့က
အသစ်ဖွင့်ထားတဲ့ ခေါက်ဆွဲဆိုင်ကို
ပြောတာပါ... ဒေါ်ကြိုင်ကိုတော့
သိတယ်မဟုတ်လား... "

ငါတို့ဆိုင်ရှေ့ကို လူအသစ်ပြောင်းလာတယ်
ဆိုတာ သူတို့ပေါ့...

" သိတယ်... ငါလိုက်ပို့မယ်
မင်းရှေ့ကနေပြီးသွား... "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ... "

နှာထိပ်မှ လေပူပြင်းပြင်းတစ်ချက်
ရှူထုတ်လိုက်ပြီး စိတ်ရှုပ်လှချည်ရဲ့ဟူသည့်
မျက်နှာပုံစံက အရင်လုပ်လိုက်သည် ၊
အဲ့နောက်တော့မှ ရေပုံးနှစ်ပုံးကို
အားမာန်ပြည့်ဖြင့်ဆွဲပြီး ရှေ့ကသွားသူ
မော်'နောက်သို့ အသာတကြည်
လိုက်လာခဲ့တော့သည် ။

ခေါက်ဆွဲဆိုင်သို့ရောက်သောအခါ
မိုးည'က ရေပုံးကို အောက်သို့
ချပေးလိိုက်သည် ။

" ဟို ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့
ခေါက်ဆွဲကျွေးချင်လို့ အဲ့ဒါ ခင်ဗျားအချိန်
ရရဲ့လား... "

" မလိုဘူး... "

" မငြင်းပါနဲ့...
ကျွန်တော်တကယ်ကျွေးချင်တာပါ
ကျွန်တော့်အမေရဲ့လက်ရာက အရမ်းကောင်း
တယ်... ခင်ဗျားကို ခံတွင်းတွေ့စေမှာသေချာတယ်
လာပါ ဒီမှာထိုင်လိုက်နော်... သိပ်မကြာဘူး"

မလိုပါဘူး ပြောပေမယ့်လည်း မော်'က
သူ့လက်ကို အတင်းဆွဲပြီး နေရာပေးတော့လည်း
မိုးည'မငြင်းနေတော့ပါ ၊ သူကိုယ်တိုင်လည်း
မနက်စာတစ်ခုခုဝယ်စားဖို့ ရောက်လာခဲ့
ခြင်းဖြစ်နေပြန်သည့်အတွက်လည်း ဖြစ်နေသည်။

မော်' ခေါက်ဆွဲပြင်နေသည့် သူ့အမေအနားသို့
အပြေးသွားပြီး တစ်ခုခုကို တိုးတိုးသာသာ
ပြောလိုက်တော့ အမေကလည်း ခေါင်းညိမ့်၍ ပြုံး
လေသည် ။

" ခေါက်ဆွဲရလာပါပြီဗျ... "

အငွေ့ထောင်းထောင်းဖြစ်နေသည့်
ခေါက်ဆွဲပန်းကန်ကို
မိုးည'အနားသို့ယူဆောင်လာသည်။
ထို့နောက် သူ့အဖို့ တူကိုလည်းယူပေးသည်။

အနောက်စျေးက လူဆိုးလေး#Where stories live. Discover now