သူ့အာငွေ့ နွေးနွေးလေးတွေ ကျွန်တော့်
မျက်နှာကို လာဟပ်ပြီးပြောနေတာပါ ၊
အခုအချိန်မှာ ကျွန်တော်ရင်ခုန်နေသလား
နှလုံးတုန်နေသလားဆိုတာကိုတောင်
ကိုယ့်ကိုယ်ကို မသဲကွဲတော့ဘူးရယ် ။

" ကျွန်တော် ဘာမှမလုပ်ထားဘူး "

ဟုပြန်ပြောလိုက်ပြီး မိုးည' ရင်ဘတ်ကို
သူ့လက်ဖဝါးဖြင့် အသာ
တွန်းဖယ်ပစ်လိုက်ပြီး အနောက်သို့
လှမ်းဆုတ်သွားသည်  ။

" ညက မင်းမဟုတ်လား
ငါသိတယ်နော်... "

မိုးည'ထိုသို့ ထပ်ပြောတော့ မော့်'မှာ
တစ်ဖက်သူကို မျက်နှာချင်းဆိုင်ပင်
မကြည့်ရဲတော့ဘဲ အခြားတစ်ဖက်ကိုသာ
အကြည့်လွှဲပစ်လိုက်ရသည်။

မင်းကငြင်းနေပါလား မင်းဆီကရတဲ့
ရနံ့ကို ငါကောင်းကောင်းမှတ်မိနေတာကို။

" မင်းပါးစပ် အာမချောင်သရွေ့တော့
မင်းအတွက်အန္တာရာယ်ကင်းနိုင်ပါသေး
တယ်... "

မိုးည' သူ့ရှေ့ကကြောက်ရွံ့နေတဲ့
ကောင်လေးမျက်နှာကို တစ်ချက်လှမ်း
ကြည့်လိုက်သည် ။ မော်' ဘာမှမပြော
သေးဘဲ နှုတ်ဆိတ်နေဆဲဖြစ်လေသည် ။

" ရေပုံးလဲထားလိုက်...
ငါနှိပ်ပေးမယ်... "

ထိုအခါ မော်'ကလည်း မိုးည'ပြောသည့်
အတိုင်း ရေပြည့်သွားသည့် ပုံးကို ဘေးရွှေ့ပြီး
နောက်တစ်ပုံးကို နေရာလဲထားလိုက်သည်။

ထို့နောက် မိုးည'က ကျွမ်းကျွမ်းကျင်ကျင်
ပဲ ဘုံဘိုင်ကို နှိပ်ကာ ရေအပြည့်ဖြည့်ပေး
လိုက်သည်။

" ရေပြည့်ပြီ လာဆွဲချည်တော့ "

" ကျေးဇူးတင်ပါတယ် "

မိုးည'ကို ကျေးဇူးတင်စကားဆိုပြီး
ရေနှစ်ပုံးကိုဆွဲပြီးပြန်မယ့်အလုပ်
ရေပုံးကို မမနိုင်ဘဲဖြစ်ရပြန်သည် ။

" ရေနည်းနည်းသွန်လိုက်မယ်
ကျွန်တော်မနိုင်ဘူး... "

ကောင်လေးထိုသို့ပြောလိုက်သည့်အခိုက်
စိတ်ရှုပ်သလိုပုံစံနဲ့
မိုးည'မျက်ခုံးတွန့်သွားသည် ။

" မသွန်နဲ့လေ ရေရဲ့တန်ဖိုးကို မင်း
နားမလည်ဘူးလား... ကျစ် မင်းဘယ်နားမှာ
နေတာလဲ ငါလိုက်ပို့ပေးမယ်... "

အနောက်စျေးက လူဆိုးလေး#Onde histórias criam vida. Descubra agora