•••••••••••••••••••••••••••••••••
" မော်' သားကျောင်းသွားရတော့မယ်
မဟုတ်လား ပန်းကန်တွေကို ထားခဲ့လိုက်
အမေဆေးလိုက်မယ် ... "
" အချိန်ရပါသေးတယ် ကျောင်းက လမ်းထပ်တင်ပဲ
လေ ကျွန်တော် ပန်းကန်လုံးတွေဆေးပြီးရင်
ရေခပ်ခဲ့အုံးမယ် နော်အမေ..."
" ဟုတ်ပါပြီ သားသဘော
ကျောင်းတော့မနောက်ကျစေနဲ့နော်... "
" ဟုတ်ကဲ့ပါဗျ... "
အမေ့အပေါ်သိပ်ပြီးအလိုက်သိတတ်တဲ့
မော်ကြောင့် မအေးမာပီတိဝေဖြာ
အပြုံးလှလှဆင်မြန်းရသည်။
ခေါက်ဆွဲပန်းကန်လုံးများကို အမြန်ဆုံးဆေး
ကြောလိုက်ပြီးနောက် မော်'က ရေပုံးကို
ကောက်ကိုင်ပြီး စျေးပြင်ကဘုံဘိုင်
တွင်းဆီသို့ခပ်သွက်သွက် ထွက်လာခဲ့လေသည် ။
ထိုသို့ရောက်သော် ရေပုံးကို ရှေ့ချလိုက်ပြီး
ခပ်ပြင်းပြင်းဘုံဘိုင်ကို ဖိနှိပ်လိုက်လေသည် ။
" ဘုံဘိုင်တောင် မနှိပ်တတ်ဘူးလား
မင်းလုပ်နေပုံနဲ့ဆို မေးစေ့ပြုတ်ထွက်သွား
တော့မှာပဲ... "
ဟူသည့် စကားပြောသံနဲ့အတူ မိုးည'က
ရောက်ချလာချိန် မိုးည'ကိုမြင်ပြီး
လန့်ဖျတ်ကာ သူ့လက်ထဲက ဘုံဘိုင်လက်တံ
ကို အမှတ်တမဲ့ လွှတ်ချလိုက်မိသည်။
" ဟေး သတိထား... "
မိုးည' စကားဆုံးရုံတင်ရှိသေး
ပြန်ကန်ထွက်လာသည့် ဘုံဘိုင်လက်တံက
မိုးည'သာလက်နှေးရင် တကယ်အဟုတ်
မော်' ရဲ့မေးစေ့ ပြုတ်ထွက်သွားနိုင်မည့်
အနေသထားရှိသည်။
ထိုရုတ်တရက်အနေအထားကြောင့်
အမှတ်မထင် သူတို့နှစ်ဦးမျက်နှာချင်း
မိရင်း နှီးကပ်သွားခဲ့ချိန် နှလုံးသား
တစ်စုံက ရထားတစ်စင်း ခုတ်မောင်း
သွားသလို ဒုန်းဒိုင်းမြန်လာခဲ့သည် ။
စူးရှသည့်မျက်ဝန်းတစ်စုံပေမယ့်
စိမ်းကားသလိုလို အကြင်နာကင်းမဲ့သလိုလို
ခက်ထန်လွန်းသည့် သူ့မျက်လုံးတွေနဲ့ စိုက်ကြည့်
ခံနေရချိန် ကြောက်သလို
ကျွန်တော်ဆွံံ့အသွားမိသည်။
" နမော်နမဲ့နိုင်လွန်းတယ်...
ငါ့ကိုမြင်တာနဲ့ အဲ့လောက်ထိလန့်သွား
တာ... မင်းမဟုတ်တာ လုပ်ထားလို့ပဲနေမယ်... "
YOU ARE READING
အနောက်စျေးက လူဆိုးလေး#
Romanceတစ်နေ့မှာ အနောက်ပိုင်းမနက်စျေးက ကောင်ဆိုးလေး တစ်ယောက်ရဲ့မျက်နှာချင်းက ကုန်စုံဆိုင်ရှေ့ကို ခေါက်ဆွဲသည်မိသားစုလေး တစ်စုက ရုတ်တရက်ပြောင်းရွှေ့လာခဲ့တယ်။ မိသားစုက ထိန်းချုပ်မနိုင်တော့အောင် ဆိုးပေနေတဲ့ကောင်ဆိုးလေးနဲ့ နွေးထွေးကြင်နာတတ်တဲ့ကောင်လေးတစ်ယောက...
Part 1
Start from the beginning
