" ဟုတ်လား... အဲ့ဆို ဒီတစ်ပွဲပြီးရင်
မြန်မြန်ပြင်ပေးလိုက်မယ်
သားက သွားပို့ပေးလိုက်နော်... "

" ဟုတ်ကဲ့အမေ... "

ငါးမိနစ်ခန့်ကြာပြီးသော်...

" မော် ခေါက်ဆွဲရပြီ
အရှေ့က ကုန်စုံဆိုင်လေးအတွက်ပါ... "

" ဟုတ် ကျွန်တော် လာပြီအမေ... "

" ဗန်းကိုသေချာကိုင်နော် နိုင်ရဲ့လားသား "

" နိုင်တယ် အမေ..."

" အေးအေး ပို့ရင်း ဘာလိုသေးလဲလို့လည်း
တစ်ခါတည်းမေးလာခဲ့နော်...
ဖောက်သည်တွေကို
အဆင်ပြေပြေလုပ်ပေးရမယ်သိလားမော်' "

" ကျွန်တော် သိပြီအမေ..."

ဒီလိုနဲ့ မော်က ခေါက်ဆွဲဗန်းကို
မကိုင်ပြီး သူတို့ဆိုင်နဲ့ မျက်နှာချင်းဆိုင်က
ကုန်စုံဆိုင်လေးဆီကို ထွက်လာခဲ့သည်။

" ခေါက်ဆွဲလာပြီ မငယ် ကူလိုက်ပါအုံး "

ဟု ဒေါ် ကြိုင်'က ထိုသို့ပြောသည်။

" မိုးည ရောက်မလာသေးဘူးလား "

" မရောက်သေးဘူး မမကြီး
သူက အခုချိန်ဆို အိပ်လို့ကောင်းတုန်း
အချိန်ပဲဖြစ်နေမှာပေါ့... "

" ဒါတော့ဟုတ်တယ်
ယောကျ်ားလေးတစ်ယောက်ရှိလို့
အားကိုးရမလား မှတ်ပါတယ်
လက်ကျောကိုမတင်းဘူး ဆိုင်အလုပ်လည်း
မကူချင် ဟိုဟာဝယ်ချင် လိုချင်တာလောက်ပဲ
သိတယ်... "

အစ်မကြီး ခင်ဦး'က သူမမောင် မိုးည'ကို
အားကိုးမရ၍ အားမလိုအားမရ စိတ်တို၍
နေသည် ။

" သူ့ကိုတော့ ထားလိုက်ပါ ခင်ဦးရယ် "

ဟု မိခင်ကြီးမှ ဝင်ပြောတော့ ခင်ဦး'က
ပို၍ စိတ်ဆိုးသွားခဲ့သည်။

" မောင်လေး ခုလိုဖြစ်နေတာ အမေ့ကြောင့်လည်း
ပါတယ် သိလားအမေ... သားယောကျ်ားလေးတစ်
ယောက်ပဲပါတယ်ဆိုပြီး အလိုလိုက်ထားလို့
အခုလို အဲ့ကောင်က ကန်းတက်နေတာလေ ..."

သမီးစကားလည်းအမှန်တစ်ဝက်ဖြစ်ပြန်တော့
ဒေါ်ကြိုင် နှုတ်ဆိတ်သွားလေသည်။

" ခေါက်ဆွဲမြန်မြန်စားကြတော့ ပွကုန်မယ်
ပြီးရင် အငယ်မက ကျောင်းသွားဖို့လုပ်တော့ "

အနောက်စျေးက လူဆိုးလေး#Tempat cerita menjadi hidup. Temukan sekarang