" အင်းပါ... "
************************
" သားရေ မော် စားပွဲ၂က ခေါက်ဆွဲရပြီ
သွားချပေးလိုက်ပါအုံး... "
" ဟုတ်ကဲ့ပါ အမေ..."
မော်'တို့ မိသားစုလေး အနောက်စျေးမှာ
ခေါက်ဆွဲစရောင်းတာ မကြာသေးပေမယ့်လည်း
ဒေါ်အေးမာ'ရဲ့ လက်ရာက ကောင်းလွန်းနေသည့်
အတွက် စားသုံးသူများအကြား အကြိုက်တွေ့ ကာ
နာမည်ကြီးနေခဲ့သည် ။ အမေဒေါ်အေးမာ'က
ခေါက်ဆွဲပြင်ပေးပြီး မော်'က
စားပွဲထိုးလုပ်ပေးနဲ့ သားအမိ
နှစ်ယောက်လည်း အတိုင်အဖောက်ညီလှသည်။
လက်မလည်အောင် ဧည့်သည်စည်သည့် အချိန်မှာ
မနက် ၆ခွဲမှ ၇နာရီ ၈နာရီ ဝန်းကျင်အထိဖြစ်သည်။
" မငယ် အရှေ့ဆိုင်က ခေါက်ဆွဲလေးပွဲ
အရင် သွားမှာထားချည်... ကုန်သွားအုံးမယ် "
" ဟုတ်ကဲ့အမေ... "
ဒေါ် ကြည်' ထိုသို့ပြောလိုက်တော့
မငယ်က ချက်ချင်းထကာ သွားလိုက်သည်။
" အမေလည်း အကြိုက်တွေ့ပြီး စွဲနေပြီဟုတ်
တယ်ဟုတ် အန်တီအေးမာရဲ့ ခေါက်ဆွဲက တကယ်ကို
အရသာရှိတယ် သမီးကတော့ အရမ်းကြိုက်တယ် "
ဟု စျေးပစ္စည်းများကို ခင်းကျင်းနေသည့်
သမီးမလတ်က ပြောလိုက်သည်။
" ဟုတ်ပါတယ်... ဒါတော့ မငြင်းနိုင်ပါဘူးအေ
အေးမာလက်ရာက တကယ်ကောင်းပါတယ် "
ဟု ဒေါ်ကြိုင်က မအေးမာ၏ လက်ရာကောင်း
ကောင်းနဲ့ ခေါက်ဆွဲကို တကယ်ကြိုက်ကြောင်း
အမွန်းတင် ပြန်ပြောလိုက်သည်။
" အစ်ကို... ညီမတို့အတွက်
ခေါက်ဆွဲ လေးပွဲနော် ခါတိုင်းလိုပဲစားမယ် "
" ဟုတ်ကဲ့ပါ ညီမ...
ရရင် အစ်ကို လာပို့လိုက်မယ်နော် "
" ဟုတ်ကဲ့အစ်ကို ကျေးဇူးပါရှင့်
ခွင့်ပြုပါအုံး... "
" ကောင်းပါပြီ ညီမ... "
ထိုအချိန်တွင် မျက်နှာချင်းဆိုင်ရှေ့က မငယ်ကို
လှမ်းမြင်လိုက်သည့် မအေးမာ'က သူ့သားကို
ဤသို့မေးသည်။
" မော် မငယ်ကဘာလာပြောသွားတာလဲ "
" အော် ခေါက်ဆွဲလေးပွဲ ခါတိုင်းလိုပဲတဲ့
လာမှာသွားလေရဲ့အမေ ... "
YOU ARE READING
အနောက်စျေးက လူဆိုးလေး#
Romanceတစ်နေ့မှာ အနောက်ပိုင်းမနက်စျေးက ကောင်ဆိုးလေး တစ်ယောက်ရဲ့မျက်နှာချင်းက ကုန်စုံဆိုင်ရှေ့ကို ခေါက်ဆွဲသည်မိသားစုလေး တစ်စုက ရုတ်တရက်ပြောင်းရွှေ့လာခဲ့တယ်။ မိသားစုက ထိန်းချုပ်မနိုင်တော့အောင် ဆိုးပေနေတဲ့ကောင်ဆိုးလေးနဲ့ နွေးထွေးကြင်နာတတ်တဲ့ကောင်လေးတစ်ယောက...
Part 1
Start from the beginning
