သေချာပေါက် ဒါက ခွေးသံ ကြောင်သံမဟုတ်မှန်းကို
မိုးည'ရိပ်စားမိသည် ။ ဈေးတွင်း လိုင်းမီးမရတော့
လရောင်အလင်းနဲ့သာ စူးစမ်းကြည့်ရှုရသည်။
တစ်နေရာရာမှာ ဝင်ပုန်းနေမည်ကို သိသော်လည်း
ပြသနာမရှိလောက်ပါဘူး ထားပါတော့ဟု
တွေးလိုက်ရင်း သူလက်လျှာ့
ပြီး လှည့်ပြန်တော့မည့်အလုပ်မှာ ပန်းရနံ့လိုလို အမွှေး
နံ့သာတစ်ခုဟာ သူနှာခေါင်းထဲ ဆူးဖြတ်ဝင်လာပြန်သည်။
ထို့နောက် သူချောင်းတစ်ချက်ဟပ်လိုက်ပြီး
ထိုနေရာမှ ပြန်သွားလိုက်တော့သည်။

" ဗုဒ္ဓေါ အမေရေ လန့်လိုက်တာ...
အမေဘာဖြစ်လို့အပြင်ကို ထွက်လာတာလဲဟင်"

ပျာပျာသလဲ ပြန်လာသည့် မော်ဦး'က
တံခါးဝမှာ သူ့အမေနဲ့ ဆုံတော့ အထိတ်တစ်လန့်
ဖြစ်သွားလေသည်။

" တံခါးကဖွင့်နေတော့ သားများအပြင်ထွက်
သွားသလားလို့ အမေစိတ်ပူပြီး လိုက်ကြည့်တာ
ပါ သားရယ်... သား ဘယ်သွားနေတာလဲ...
မိုးချုပ်နေရင် လျှောက်မသွားပါနဲ့တော့
ဒီဈေးက သားနဲ့ ရင်းနှီးသေးတာမဟုတ်ဘူး
တော်ကြာနေ မတော်လို့ လူဆိုးလူမိုက်
ဆေးသမား သခိုးတွေးနဲ့ ထိတိုက်တွေ့နေရင်ဖြင့်
အခက်တွေ့နေမှာစိုးရိမ်လို့ပါ အမေက... "

ထိုသို့ အမေကလည်း သားကို စိတ်ပူသည့်
အကြောင်းပြောလေတော့...

" အိုဗျာ အမေကလည်း စိတ်ပူတတ်လိုက်တာ
သားက အပေါ့သွားချင်လာလို့ ခဏသွားလိုက်တာ
ပါ... အမေပြောသလို ဘာသူခိုး ဂျပိုးမှ မရှိပါဘူး
ဟို..."

" ဘာဖြစ်လို့လဲ သား
အမေ့ကို ဘာပြောမလို့လဲ ပြောလေ "

" ဟင့်အင်း ဘာမှ မဟုတ်ပါဘူး
ဦးလေးအိမ်ပြန်လာပြီလားလို့ မေးမလို့ပါ
အမေ... "

" ပြန်ရောက်ပါပြီ အိပ်တောင်ပြီ သားဦးလေးက"

ကောင်လေးက အခုနက အပြင်ဘက်မှာ မြင်ခဲ့ကြားခဲ့ရ
သည်များကို အမေ့ကို ပြန်ပြောမယ် လုပ်ပေမယ့်
စိတ်အရမ်းပူတတ်သည့် အမေ့ကို ထပ်ပြီး
စိတ်မပူခိုင်းစေချင်တော့သည့်အတွက် နှုတ်
ဆိတ်နေလိုက်တော့သည်။

" ဟုတ်ကဲ့ပါ  အဲ့ဆို အမေလည်း အိပ်ယာဝင်တော့
လေ... သားလည်း စာအုပ်တွေ သိမ်းပြီးရင်
အိပ်တော့မယ်... "

အနောက်စျေးက လူဆိုးလေး#Donde viven las historias. Descúbrelo ahora