"တကယ်ချစ်လို့လည်းဖြစ်ရင်ဖြစ်မှာပေါ့...။
တကယ်ချစ်ရင်အဆုံးရှုံးမခံနိုင်တာ သိရဲ့သားနဲ့ "

"မင်းအတွက်တော့မကောင်းဘူးဘဲ။
ပြောမနေပါနဲ့တော့ကွာ....သွားရအောင်။
အဒေါ်အီပြင်ဆင်ပြီးပြီထင်တယ်။ "

-Taxiငှားပြီး အဒေါ်အီရယ် ဆူဘင်းရယ် ထယ်ဟျွန်းရယ် ဆေးရုံသို့ထွက်လာခဲ့ကြသည်။ -
.
.
.
- ယောန်ဂျွန်း မနက်စောစောစီးစီး အိမ်မှထွက်ရန်ပြင်ဆင်နေသည်။ -

"ဒီလောက်အစောကြီးဘယ်သွားမလို့လည်း ယောန်ဂျွန်း။ "

-ဖေဖေရဲ့အသံက သူ့အပေါ်လွှမ်းမိုးမှုရှိနေသည်။ -

"အချိန်ပိုအတန်းသွားတက်ဖို့ပါ။ "

"7:00မဟုတ်လား။ "

"အာ...အဲ့ဒါက.... 8:30ကိုပြောင်းသွားပြီ။ "

"အော်...အေး။
မြန်မြန်သွားတော့ သွားစရာရှိရင်လည်း..."

"ဟုတ် ဖေဖေ။ "

-ဖိနပ်ချွတ်မှ မိမိဖိနပ်ကို ဗရုတ်သုတ်ခကောက်စီးကာ ကားမောင်းပြီးထွက်သွားလေသည်။ -

*ဒီကလေးထူးဆန်းနေတယ်။ *

"Jayခဏလာဦး။ "

"ဟုတ်ကဲ့ ဥက္ကဌကြီး "

"Yeonjun နောက်ကိုလိုက်သွား။
ဘယ်ကိုသွားတယ်၊ ဘယ်သူနဲ့စကားပြောတယ်ဆိုတာကအစ ငါ့ကိုပြန်ပြောပြနိုင်ရမယ်။ "

"ဟုတ်ကဲ့ "

"သွားတော့...လိုက်..."

-ဥက္ကဌကြီးစကားအဆုံးတွင် jayက ကားသော့ယူကာ yeonjunနောက်သို့လိုက်သွားခဲ့သည်။ -
.
.
.
- Beomgyu အိမ်အသစ်မှာနေရတာမလို့အသားကျနေခြင်းတောင်မရှိခဲ့လေ။ တစ်လအကြာအထိပေါ့....အောက်ထပ်က kaiက ဖုန်းဆက်ပြီးနှိုးပြီးတာနဲ့ ကျောင်းသွားလေပြီ။ သူကတော့ အခုထိ အိပ်ရာပေါ်မှာ မှောက်လျက်ပင်။ -

-တစ်ယောက်တည်းနေရတော့လည်းကောင်းလိုက်တာ။ -

-မျက်နှာသစ် ၊ ရေချိုး၊ အဝတ်အစားလဲပြီးတာနဲ့ နာရီကြည့်လိုက်တော့ 8:00။ အချိန်ပိုအတန်းနီးနေပြီမလို့ ရေခဲသေတ္တာထဲက မုန့်ကိုပါးစပ်တွင်ကိုက်ကာ ဖိနပ်ကို တွေ့ရာထိုးထည့်လာပြီး ပြေးဆင်းလာခဲ့သည်။ ဒါတောင်တွေ့ရာထိုးထည့်လာသည့်ဖိနပ်က မှန်နေ(နှစ်ဖက်တူ)သည်။ -
.
.
.
Yeonjun POV:

Forever[Completed]Όπου ζουν οι ιστορίες. Ανακάλυψε τώρα