'အီးယား..၊ ယောကျာ်းချင်းကြီးကိုကွာ အသဲယားလိုက်တာ၊'

မင်းသွန်းညှာသည် BLဝတ္ထုများဖတ်ရတာသဘောကျသော်လဲကိုယ်တိုင်ကမူ အဖြောင့်စစ်စစ်မို့ ယခုကဲ့သို့သောအခြေအနေကိုလုံး၀နေသားကျမနေပါပေ။ထို့ကြောင့် သူလဲ ထိုကောင်လေးထံမှအကြည့်လွှဲလိုက်မိသည်။ထိုအခါ သူ့မျက်ဝန်းတို့ပ မျက်နှာချင်းဆိုင်ရှိ နေနိုင်းမာန်လေးတို့။အဆောင်ဆီအကြည့်ကရောက်သွားလေသည်။ထိုအခါ သူတို့ဘက်ကိုပြတင်းပေါက်ကနေလှည့်ကြည့်နေသော နေနိုင်းမာန်လေးနှင့်အကြည့်ချင်းဆုံသွားသဖြင့် မင်းသွန်းညှာလဲလက်လေးမြှောက်ကာ လက်ယမ်းပြလိုက်လေသည်။

လက်ကိုမြှောက်ကာ ခါးကိုပါဆန့်လိုက်၍ ဝတ်ထားသောဆွယ်တာနှင့်တကွ အောက်ခံရှပ်လက်ရှည်သည်အပေါ်ကိုအနဲငယ်မြင့်သွားပြီး ခါးသွယ်သွယ်ကလေးကိုပေါ်သွားစေလေသည်။ထိုမြင်ကွင်းကို စောနကကောင်လေး မြင်သွားကာ လျှာသပ်လိုက်သည်ကိုလဲ နေနိုင်းမာန်ကမြင်ဖြစ်အောင်မြင်သွားသေးသည်။

နေနိုင်းမာန်လေး၏မျက်ဝန်းအစုံသည် မှေးကျဥ်းသွားကာ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ထိုကောင်လေး၏မျက်နှာကို မှတ်ဉာဏ်ထဲတွင်စွဲနေအောင်မှတ်ထားလိုက်လေသည်။အဝေးကနေကြည့်နေတာတောင်မှ ထိုမျိုးမစစ်ကောင်၏ တပ်မက်သည့်အကြည့်တို့ကိုအတိုင်းသားမြင်နေရသည်။အစောနက ကိုကို့ခါးလေးကိုမြင်ပြီး ဒီကောင်ဘယ်လောက်တောင်ယုတ်မာသည့်အတွေးမျိုးတွေးနေမလဲဆိုတာကို သူခန့်မှန်းနိုင်သည်။အဆုံးတွင်တော့ သူဟာလဲ မရိုးမဖြောင့်သောပတ်ဝန်းကျင်တွင်မွေးဖွားလာခဲ့သူမို့ ဒီလိုကိစ္စရပ်တွေကိုကြိုသိနေသည်မှာ အဆန်းတကြယ်မဟုတ်ပေ။

သို့သော်လဲ လက်လှမ်းပြကာ ပြုံးပြနေသောကိုကို့ကြောင့်ချက်ချင်းဆိုသလို အမူအယာပြင်ကာ မင်းသွန်းညှာဘက်ကိုလှည့်ကြည့်၍ မဝံ့မရဲပုံလေးပြုံးပြလိုက်သည်။ဒီလိုအပြုံးမျိုးနှင့်ဆိုလျှင် ကိုကို ကျိန်းသေပေါက်ကို စိတ်ပူသွားလောက်သည်လေ။

မင်းသွန်းညှာသည် သူ့ကိုမဝံ့မရဲပြုံးပြလာသော နေနိုင်းမာန်လေးကြောင့် မျက်မှောင်ကြုတ်မိကာ ဘေးမှ မင်းခေတ်လှိုင်းကို

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now