"ဟုတ်ပြီလေ ဒါဆို ကိုယ်လည်းအားမနာတော့ဘူး။ "
.
.
.
- taehyunကိုနှုတ်ဆက်ပြီးထွက်လာသောလမ်းတွင် ဖုန်းဆက်မယ်ကြံကာမှ ဖုန်းမပါလာမှန်းသတိရသည်။ -

"ဟောဗျာ....ငါလည်းနမော်နမဲ့နဲ့....."

-ကားပြန်ကွေ့ကာ ဖုန်းယူရန်ပြင်လိုက်သည်။
တော်သေတာပေါ့...ရပ်ကွက်ထိပ်မှာမလို့...-
.
.
.
"ဒါဆို ကိုယ်လည်းအားမနာတော့ဘူး။ "

-taehyunရဲ့ခါးကိုဆွဲကာ မျက်နှာကိုကိုင်ထားသည်။ taehyunလည်းလန့်သွားပေမဲ့ သတိကပ်ထားမိသည့်အတွက် ရှောင်လိုက်ကာ တွန်းထုတ်ပြီး မျက်နှာပေါ်သို့ လက်သီးပြင်းပြင်းတစ်ချက် ထိုးလိုက်သည်။ -

-သူ့နှာခေါင်းကိုသူကိုင်ကာ taehyunကို အကြည့်စူးစူးတစ်ချက်နဲ့ကြည့်လိုက်သည်။ -

-ထို့နောက် taehyunကိုတွန်းကာ အိမ်နံရံတွင်ချုပ်၍ကပ်ထားလိုက်သည်။-

"ဖယ်စမ်း ခွေး**"
(ကန်တော့)

"မင်းကဘာမလို့လည်း....
ဘာမလို့ငါ့ကိုထိုးရဲရတာလည်း။ "

-တွန်းနေသော်လည်း နည်းနည်းမှမရွေ့သွားတဲ့သူက ကျောက်ရုပ်အလားပင်။ သူဖိကိုင်ထားတဲ့လက်ကောက်ဝတ်နေရာကလည်း နာကျင်စပြုလာပြီ။ -

"ဟေ့ကောင်....
မင်းကရော ဘာမလို့ hyunကိုလက်နဲ့ထိရဲရတာလည်း။ "

-ရုတ်တရက် beomgyuရောက်လာပြီး daejunကို ပုခုံးကနေဆွဲလှည့်ကာထိုးလိုက်သည်။ လဲကျသွားသော daejunကို ကော်လံစဆွဲကာ တစ်ချက်ပြီးတစ်ချက် ထိုးနေသည်။ ပါးစပ်ကလည်း "hyunကိုလက်ဖျားနဲ့တောက်မထိနဲ့ " ဆိုတာက တစ်ဖွဖွပင်။ -

"Gyu hyungတော်ပါတော့...."

"ဖယ်..."

"တော်ပါတော့..... "

"ဖယ်လို့ပြောနေတယ်!!"

-သူကိုပါအော်လိုက်တဲ့အတွက်ကြောင့် taehyunစိတ်မကောင်းဖြစ်သွားရသည်။ ဒါပေမဲ့ Daejunပေါ်မှ beomgyuကိုဆွဲဖယ်ရန်သာအာရုံပိုရနေသည်။ အခုနေမဖယ်လျှင် လူသတ်မှုတောင်ဖြစ်တော့မည်။ -

-ထိုးရန်ပြင်လိုက်တဲ့ beomgyuလက်ကိုဆွဲကာ တစ်ဖက်သို့တွန်းထုတ်လိုက်သည်။ ပြီးနောက်သူကပါ beomgyuပေါ်ကို ဖိထားလိုက်သည်။ -

Forever[Completed]Where stories live. Discover now