Chapter 3 ♡

767 57 8
                                    

(Unicode)

ရိပေါ်နဲ့ရှောင်းကျန့်ကလွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှသိခဲ့တာဖြစ်ပြီး တစ်နှစ်ကျော်ကြာတဲ့ထိတိုင်းသူတို့နှစ်ယောက်ကတော့တစ်ယောက်နာမည်ကိုတစ်ယောက်မသိကြသေးဘူး ရိပေါ်ကလဲတစ်ခါမှ ရှောင်းကျန့်နာမည်ကိုမမေးဖူးသလို ရှောင်းကျန့်ကလဲ ရိပေါ်နာမည်ကိုမမေးရဲတာကြောင့် သခင်လေးလိုသာခေါ်တယ်

ရိပေါ်နဲ့ရှောင်းကျန့်တွေ့ဖြစ်တဲ့ပုံကတော့ ခါတိုင်းလိုပဲ့ရိပေါ်ကနန်းပြင်ကိုခိုးထွက်ရင်း ‌ မတော်တစခြေထောက်ထိမိသွားပြီး ရှောင်းကျန့်နဲ့တွေ့ဆုံခဲ့တာဖြစ်တယ် သူနားကိုမရဲတရဲကပ်လာရင်း နာနေတဲ့သူခြေထောက်ကို ရှောင်းကျန့်က သူ့လက်သေးသေးလေတွေနဲ့ဆေးလိမ်းပေးပြီးပတ်တီးစီးပေးခဲ့တာဖြစ်တယ် အဲဒီနေ့ကပုံရိပ်ကိုရိပေါ်ကခုထိမှတ်မိနေသေးတယ် စစတွေ့ချိန်မှာတော့ ရှောင်းကျန့်ကသူ့ကိုလူဆိုးလို့ထင်ပြီးအနားမကပ်ရဲဘူး သူကရှောင်းကျန့်သရေစာ‌မုန်တွေကြိုက်တာကိုသိသွားပြီး တွေ့တိုင်းအမျိုးမျိုးမရိုးရအောင်ဝယ်ကြွေးတော့မှသာ သူ့နားကိုကပ်ရဲလာတာဖြစ်တယ် ခုဆိုရင်တော့စိတ်ဆိုး စိတ်ကောက်တာတွေတောင်လုပ်ရဲနေပြီး.....သူကိုကြောက်နေတဲ့ရှောင်းကျန့်ထက် ဒီလိုသူ့အပေါ်ဆိုးရဲလာတဲ့ရှောင်းကျန့်ကို ရိပေါ်ကပိုပိုသဘောကြရပါတယ်...

~~~~~~~~~~

"သားပြန်ရောက်ပါပြီး အားရီ"

"ပြန်ရောက်ပြီးလား ဒီမှာဘယ်သူရောက်နေလဲကြည့်ပါအုန်းကျန့်အား"

"ချန်ကော ဝူကော"

ရှောင်းကျန့်က သူအကိုနှစ်ယောက်ကိုတွေ့တာနဲ့ လက်ထဲကအထုပ်တွေကိုပြစ်ချပြီးပြေးဖက်လိုက်တယ် ရှောင်းမင်းချန်က ရှောင်းကျန့်ရဲ့အကိုအရင်းဖြစ်ပြီး ယွမ်ဖုန်းဝူကတော့ ဂေဟာပိုင်ရှင် မိန်ယွမ်ရဲ့သားဖြစ်တယ် မိန်ယွမ်က မိဘမဲ့ကလေးတွေကိုလဲမွေးစားထားသလို မရှိဆင်းရဲတဲ့မိသားစုက ကလေးတွေကိုလဲပညာသင်ကြားပေးပြီး သူတို့ဝါသနာပါရာလမ်းကိုလျှောက်နိုင်အောင် ပံပိုးပေးတယ်

ရှောင်းကျန့်ပါးပါး ရှောင်းမင်ကျန့်ကလှေလုပ်သားတစ်ယောက်ဖြစ်တယ် ရှောင်းကျန့်မားမာရှောင်း‌မေရွယ်ကတော့ ဈေးထဲကခေါက်ဆွဲဆိုင်မှာအလုပ်လုပ်တာဖြစ်တယ် ရှောင်းကျန့် 4နှစ်သားအရွယ်မှာ ရှောင်းပါးက လှေမတော်တစမှောက်ချိန် ကျိုးသခင်ကြီးရဲ့အသက်ကိုကယ်ရင်း ဆုံးပါးသွားတယ်

‌𝑹𝒐𝒚𝒂𝒍 𝑭𝒍𝒐𝒘𝒆𝒓 𝑾𝒐𝒓𝒕𝒉𝒚 𝑶𝒇 𝑻𝒉𝒆 𝑻𝒉𝒓𝒐𝒏𝒆Where stories live. Discover now