စိတ်ပျက်စရာများနှင့်ပြည့်နှက်နေသည့် သမ္မတအိမ်တော်။

"မင်းက ဖိုးဖိုးရဲ့တစ်ဦးတည်းသောမြေးမို့ ဖိုးဖိုးပြောတာကိုနားထောင်မယ်မှတ်လား"

ဇွန်းခရင်းကိုကိုင်ထားသောလက်အစုံမှာတင်းသွားသည်။ ဂျောင်ဟိုဆော့မှာ ကိုရီးယားနိုင်ငံ သမ္မတ ဂျောင်ဂျူအင်း၏တစ်ဦးတည်းသောမြေးယောကျာ်းလေး။

လိုလေသေးမရှိကြီးပြင်းလာရသော ပတ်ဝန်းကျင်ကထင်ထားသလောက်တော့ပျော်စရာကောင်းမနေပေ။

"ကျွန်တော်လက်မခံနိုင်ဘူး"

"မင်း!"

ခွမ်း!!!

သောက်ရည်ခွက်ကို နံရံထက်ကောက်ပေါက်လိုက်တော့ ထမင်းစားဝိုင်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ေဖဖေနဲ့မေမေကလည်း ဘာမှဝင်မပြောရဲ။

"ဖိုးဖိုး ကျွန်တော့်ကိုထိန်းချုပ်လာတာကျွန်တော်မွေးကတည်းက!!
ခုအသက်19ပြည့်နေပြီး!
မေ့နေတာလား ကျွန်တော်လည်းလူလေ
ဘယ်လိုလုပ်ပြီး စက်ရုပ်တစ်ကောင်လိုပြုမူနေရမှာလည်း!!"

"ဂျောင်ဟိုဆော့ မင်း!!"

"ခုကစပြီး ဖိုးဖိုးကို ကျွန်တော်ဆန့်ကျင်တော့မှာ!!"

ထမင်းစားဝိုင်းမှလှည့်ထွက်လာလိုက်သည်။
ဘာတွေဆက်ဖြစ်မလည်းစိတ်မဝင်စားတော့။
ကျိန်းသေပေါက်ဖိုးဖိုးက ဖေဖေကိုဆူတော့မှာ။.သားကိုမဆုံးမရကောင်းလားဆိုပြီးတော့။

ဝူးး..

ပြိုင်ကားအနက်ရောင်ကိုမောင်းထွက်လာလိုက်တော့ ခြံစောင့်များကာတံခါးအလျင်အမြန်ပြေးဖွင့်ကြသည်။ မဖွင့်လို့လည်းမရ။ မဖွင့်လျှင် တံခါးကိုဝင်ကြုံးပစ်နေကျဖြစ်တာကြောင့်။

တိုက်ခန်းသို့သာမောင်းလာလိုက်ပြီး အခန်းထဲဝင်ကာ ထုံးစံအတိုင်း ပြတင်းပေါက်ဘောင်ပေါ်တွင် တက်ထိုင်ကာ သာနေသောလမင်းလှလှကိုကြည့်နေလိုက်သည်။

ငယ်ငယ်ကတည်းကစိတ်ရှုပ်စရာတွေကြုံလာတိုင်းရင်ဖွင့်စရာလူရယ်လို့မရှိ။ အပေါင်းအသင်းမရှိ။ ညမိုးချုပ်ရင် လမင်းကြီးနဲ့စကားပြောရတာကြောင့် နည်းနည်းစိတ်သက်သာရာရသည်။

Loading.. [COMPLETE]Where stories live. Discover now