ဘယ်လိုအရူးကများ ဒီလိုဂေါက်ကြောင်psychoကောင်ကို CEOနေရာပေးခဲ့တာလည်းဆိုတာကို အသဲအသန်စဥ်းစားခန်းဖွင့်နေမိတော့သည်။

"ရောက်ပြီ"

ဘယ်လောက်ကြာကြာလမ်းလျှောက်မိလည်းတော့မသိဘူး။ သတိထားမိတော့ ရောက်နေတာက ဟန်မြစ်ကမ်းနဘေးက ညစျေးတန်းလေး။

"CEOကဗိုက်ဆာနေလို့လာ"

"ဆိုပါတော့ ခေါက်ဆွဲအေးစားမလာ ဆိုဂျူးသောက်မလာ"

"နှစ်ခုလုံးပဲhee''"

အရင်ကစားနေကျဆိုင်ကိုသွားတော့ ဆိုင်လေးကအရင်အတိုင်းပင်။ ဆိုင်ပိုင်ရှင်ကတော့ပြောင်းလဲသွားခဲ့ပြီး။

ဆိုင်ထဲဝင်ထိုင်ပြီး ခေါက်ဆွဲအေးနဲ့ဆိုဂျူးကိုမှာကာထိုင်စောင့်နေလိုက်သည်။ ခဏကြာတော့မှာထားတာအသီးသီးရောက်လာသည်။

"ညီလေး ဒီဆိုင်ကဦးလေးကြီးရော"

ထယ်ယောင်းကသိချင်ဇောဖြင့်မေးလိုက်တော့ ကောင်လေး၏မျက်နှာမှာညှိုးသွားသည်။

"ဖေဖေက ဆုံးသွားတာ တစ်နှစ်ရှိပါပြီး"

"အာ..မေးမိတဲ့အတွက်တောင်းပန်ပါတယ်"

"ရပါတယ်ဗျာ "

ကောင်လေးထွက်သွားတော့ဂျောင်ကုကဆိုဂျူးကိုပုလင်းလိုက်မော့သောက်လိုက်သည်။
မျက်နှာကတင်းမာနေပေမဲ့ မျက်လုံးမှာတော့ အရည်လဲ့နေသယောင်ယောင်။

သန်မာချင်ယောင်ဆောင်နေတဲ့ကလေးငယ်ပဲ။

ထိုညနေခင်းမှာပြီးပြည့်စုံနေခဲ့သည်။ ဟန်မြစ်ကမ်းနဘေးမှာလည်းခါတိုင်းထက်အသက်ဝင်နေသယောင်ယောင်။

တစ်စုံတစ်ယောက်သောသူကတော့ ဒေါသမီးများတောက်လောင်နေသည်။
အပူများကိုစုစည်းထားချင်းပင်။

ဂျော်နီ..
သူပြန်လာပြီ။

..
..
.
..
"ဂျောင်ဟိုဆော့ မင်းသမီးအဂ်လန်မင်းသမီးဟယ်ရီနာနဲ့ မင်းလက်ထပ်ကိုထပ်ရမယ်!"

ပြီးပြည့်စုံသောထမင်းဝိုင်း။ ဟင်းပွဲများကလည်းစားမကုန်သောက်မကုန်ပင်။
အလျှံအပယ်ပင်။ သို့သော် အကုန်လုံးကစိတ်ပျက်စရာပင်။

Loading.. [COMPLETE]Where stories live. Discover now