ထိုအရစ်ရှည်သော ပန်းဆိုင်ပိုင်ရှင်နှင့် အချိန်တော်တော်ကြာသည်အထိရှင်းလိုက်ရသည်။ ညနေစောင်းလုနီးပါးပင်။
အဲ့လောက်လက်ပေါက်ကပ်သောလူကိုတကယ်မမြင်ဖူးပေ။

လျော်ကြေးကိုပေါပေါလောလောပေးလိုက်မှ အမှုမဖွင့်ပဲ ကြေအေးသွားသည်။
သကောင့်သားက အေးအေးဆေးဆေးပဲ cardတစ်ကဒ်ထုတ်ပေးပြီး အေးအေးလူလူပစ်ပေးလိုက်သည်။

"သွားမယ်"

အေးဆေးပင်အရှေ့မှထွက်သွားသောလူနောက်သို့ပြေးလိုက်ရပြန်သည်။ ကားကအရှေ့ပိုင်းပျက်ဆီးသွားတာကြောင့် လမ်းလျှောက်ပြန်ခြင်းပင်။ companyက ကားတွေကိုဖုန်းစက်ခေါ်လို့ရပေမဲ့ ဂေါက်သီးဂျွန်ဂျောင်ကုကဘာကိစ္စဖုန်းမခေါ်တာကိုတော့ မပြောတတ်။

"မင်းပန်းဆိုင်တစ်ဆိုင်လုံးကိုဝင်ကြုံးတာကြီးက တစ်ကယ်ကိုမမြင်လို့လာ"

"ရှေ့နေ့ကင်မ်က ဘယ်လိုထင်လို့လည်"

"မင်းတမင်လုပ်တာ"

ထိုသို့ပြောလိုက်တော့ တုန့်ခနဲရပ်သွားသောနတ်ဆိုးကောင်ခြေလှမ်းများ။ ကိုယ်ပါအလိုလိုလိုက်ရပ်မိသွားသည်။ ဘာလည်း ဒီကောင်ကစိတ်ဆိုးသွားတာလာ။

မျက်နှာကိုလှမ်းအကဲခတ်ကြည့်တော့စိတ်ဆိုးပုံမပေါ်။

"ရှေ့နေ့ကင်မ်က အလုပ်မရှိဘူးပျင်းတယ်ဆိုလို့ ကျွန်တော်က အလုပ်ရှာပေးတာလေ ဘယ်လိုလည် အပျင်းမှပြေရဲ့လာ"

ရုပ်တည်ကြီးဖြင့်ပြောလာသောစောက်ခွက်ကိုတစ်ချက်လောက်ရိုက်လိုက်ရရင်ဖြင့် အာဂလက် လက်ဖြစ်ကျိုးနှပ်လေငဲ့။

စိတ်ထဲတွင်လွန်စွာမှပေါက်ကွဲချင်နေသောလည်း ကိုယ့်အထက်ပုဂ္ဂိုလ် CEOဖြစ်နေတာ​ကြောင့် မျက်နှာကိုအတတ်နိုင်ဆုံးပြုံးပြီး ခေါင်းကိုတစ်ဆတ်ဆတ်ညိတ်လိုက်သည်။

"ဒါပေါ့ဗျာ ဒါပေါ့ CEOထက်မြက်လွန်းလှပါတယ်"

"ချီးကျူးပေးဖို့ရှေ့နေကင်မ်ကိုကျေးဇူးတင်ပါတယ်"

ဒေါသကိုထိန်းနေရတာကြောင့် နက်ကတိုင်ကိုအနည်းငယ်ဖြေလျှော့လိုက်ပြီး မျက်နှာကိုအတတ်နိုင်ဆုံးပြုံးထားလိုက်သည်။

Loading.. [COMPLETE]Where stories live. Discover now