"CEOကျွန်တော့်ကိုခိုင်းစရာမရှိဘူးလာ"

"လောလောဆယ်တော့မရှိသေးဘူး"

မျက်နှာကိုပင်မကြည့်ပဲဖြေလာသည့်ကောင်။ တက်တူးကြီးနဲ့စိတ်ကောက်တာကမလိုက်ဖက်လိုက်တယ်။ ကလေးမျက်နှာနဲ့ကောင်က ဇွတ်တွေလူကြီးဆန်နေတာမြင်တော့ ရီချင်သလိုပင်။

"အဟမ်း ခိုင်းစရာမရှိရင်ပြန်တော့မယ်
ရှေ့နေကတစ်နေကုန်Companyမှာအချိန်ကုန်ရမှာတော့မဟုတ်ဘူးမလား"

ထိုသို့ပြောလိုက်တော့ fileတွေကိုလှန်နေသော လက်ချောင်းများကရပ်တန့်သွားသည်။ ထို့နောက်သူ့ကိုပြန်ကြည့်လာသည့်မျက်ဝန်းဝိုင်းဝိုင်းတစ်စုံ။

"အလုပ်လုပ်ချင်နေတာလာ"

"အဲ့လိုကြီးတော့မဟုတ်ပေမဲ့ ဘာမှမလုပ်ပဲထိုင်နေရတာ ပျင်း..ပျင်းလာလို့ပါ"

"အော်..အဲ့လိုလား"

ထိုနတ်ဆိုးကောင်ကရုတ်တရက်ကားသော့ကိုယူပြီးထသွားသည်။ အော်ပြောလိုက်သေးတယ်"ဘယ်မှမသွားနဲ့"တဲ့။

တံခါးကိုဂျိန်းကနဲမြည်အောင်ဆောင့်ပိတ်သွားတာ လုံးဝCEOတစ်ယောက်နဲ့တူမနေပေ။
နာရီဝက်လောက်ထပ်ထိုင်နေရတာကြောင့် တော်တော်ပျင်းလာသည်။

တီ...တီ...တီ...

ဖုန်းcalledတစ်calledဝင်လာတော့ကိုင်လိုက်သည်။ တစ်ဖက်က ပြောလာသောစကားကြောင့် အပြင်သို့အပြေးအလွှားထွက်လာရတော့သည်။

"ကျွန်တော်ခုချက်ချင်းလာခဲ့မယ်"

အပေါ်ကုတ်ကိုယူပြီး နတ်ဆိုးကောင်ပြသနာကိုရှင်းရန်ပြေးရတော့သည်။ တကယ့်ကိုကောင်ကျိုးမပေးသောပါပဲ။

အပြေးအလွှားသွားရသူအမောစို့သောမြင်ကွင်းပင်။ သကောင့်သားက ပန်းဆိုင်တစ်ဆိုင်ကို ကားဖြင့်ဝင်ကြုံးထားတာကြောင့် ပန်းဆိုင်တွင်ကာထားသောမှန်များပါ ကွဲထွက်ကုန်ပြီး ကားအရှေ့ပိုင်းလည်း ပျက်ဆီးသွားသည်။

"ရောက်လာပြီးပေါ့ မင်းကသူ့ရှေ့နေဆို"

"hyy စကားကိုကောင်းကောင်းပြော"

ထယ်ယောင်းအပေါ်လေသံအနည်းငယ်မာနေသောဆိုင်ရှင်ကို ဂျောင်ကုက ခပ်အေးအေးဝင်တားလိုက်ချင်းပင်။
ပြီးနောက်သူ့နဲ့မဆိုင်သလိုပြန်ရပ်နေပြန်သည်။
ကလေးသာဆို လေးချက်လောက်ပိတ်တီးမိမည်ထင်။

Loading.. [COMPLETE]Where stories live. Discover now