အပိုင်း (၁၂)

Começar do início
                                    

"ဦးလေး..ဦးလေး..ဟိုရှေ့က ကားတားနေတဲ့အမျိုးသမီးရှေ့ရပ်ပေးပါ"
ကားရပ်လိုက်သည်နှင့်ထီးအားယူဖွင့်ကာ သစ်လွင်အမြန်သွားမိသည်။အန်တီက ဘယ်ကနေဘယ်လိုဖြစ်ပြီး မိုးရေထဲရောက်နေတာလဲ။ဟုတ်ရဲ့လားဆိုပြီးကြည့်မိသည်မှာအခါခါ။
"သစ်လွင်..."
"တကယ်အန်တီပဲ...။ဘယ်လိုဖြစ်လာတာလဲ။ကားကရော မနက်ကအိမ်ကထွက်သွားတာ ကားပါတယ်မလား။ဘယ်လိုဖြစ်လို့ အခုလိုပုံစံဖြစ်နေတာလဲ"
တစ်ကိုယ်လုံးရွှဲရွှဲစိုနေသည့်အန်တီ့အားကြည့်ကာ သစ်လွင်စိုးရိမ်စိတ်တို့မှာ ဒီဂရီအမြင့်ဆုံးပင်။ဘယ်လောက်တောင်ကြာနေပြီလဲမသိ။နှုတ်ခမ်းတို့ပင်ပြာလုနေပြီ။
"အဲ့တာပြီးမှသာပြောမယ်။အခုကားထဲကိုဝင်။ကြည့်ပါအုံး နှုတ်ခမ်းတွေလည်းပြာနေပြီ။အသားတွေလည်းအေးစက်နေတာပဲ။အန်တီကတော့လေ"
ကားထဲရောက်သည်နှင့် သစ်လွင်အပေါ်ထပ်အင်္ကျီအားချွတ်ကာ အန်တီကိုယ်ပေါ်ခြုံပေးလိုက်မိသည်။လက်ဖဝါးတို့အား ဆုပ်ကိုင်ထားပေးရင်း ဝမ်းနည်းသည့်မျက်ဝန်းများဖြင့် အန်တီ့အားကြည့်နေမိတော့သည်။
"ဘယ်လိုဖြစ်ရတာလဲအန်တီရယ်။သစ်လွင်လေ အန်တီ့ကိုဒီလိုမြင်ရတာ ဘယ်လောက်တောင် ပူသွားရလဲသိလား။ဘယ်လိုတွေဖြစ်လို့လမ်းမပေါ် တစ်ယောက်တည်းရပ်နေရတာလဲ"
နန်းရိပ်မှာအခုမှအားကိုးရာ ရသွားသလို သစ်လွင်အား ကြည့်ရင်း မျက်ရည်တို့ရစ်ဝဲလာပြီးနောက် သစ်လွင်ရင်ခွင်ဝယ် ခေါင်းတိုးဝှေ့ကာ ကလေးတစ်ယောက်ပမာ ရှိုက်ကြီးတငင်ငိုမိတော့သည်။
"အဟင့်...သူတို့ကိုထားခဲ့တာ။သိလား မင်းတို့ရဲ့မမလေးက တို့ကို မိုးရေထဲပစ်ထားခဲ့တာ။သူပြန်လာခေါ်လိမ့်မယ်လို့တို့ထင်ခဲ့မိတာ။မှားတာပဲ။သူက တကယ်ကို အသည်းနှလုံးမရှိတဲ့သူပဲ။အဟင့်..."
မိုးနဲ့အပြိုင် မျက်ရည်တို့ဝေရသည်မှာ နန်းရိပ်သာပင်မဟုတ်ဘဲ သစ်လွင်ပါ ပါလေသည်ကိုတော့ မသိခဲ့ချေ။
"အန်တီ...အိမ်ရောက်ပြီ"
"အန်တီ!!!"
ရင်ခွင်ထဲတွင်ပျော့ခွေနေသည့်အမျိုးသမီးကြောင့်သတိလစ်သွားပြီမှန်းသိကာ ပူထူသွားတော့သည်။
"ဆူးရေ...ဆူး...ခက်ဆစ်ရေ အိမ်ထဲမှာဘယ်သူရှိလဲ"
သစ်လွင်အော်သံကြောင့် ခက်ဆစ်မှာထွက်လာလေသည်။
"သစ်လွင် ဘာဖြစ်လို့လဲ"
"အန်တီ...အန်တီသတိလစ်သွားပြီ။ဆရာအမြန်ခေါ်မှဖြစ်မယ်"
"ဘာ...အဲ့တာဆို နင်ဆရာခေါ် ငါအန်တီ့ကို အခန်းထဲခေါ်လာခဲ့မယ်"
သစ်လွင်အိမ်ထဲဝင်သွားသည်နှင့်ခက်ဆစ်လည်း မေ့မျောနေသည့်အမျိုးသမီးအား ပွေ့ချီလိုက်ကာ နီးစပ်ရာ သစ်လွင်တို့အခန်းထဲ ထည့်ပေးလိုက်မိသည်။မမလေးနဲ့အတူထွက်သွားသူက ဘယ်လိုဖြစ်ပြီး မိုးရေတွေရွှဲကာ သစ်လွင်နဲ့ပါလာရသလဲ။
"ခက်ဆစ်အပြင်ခဏထွက်ပေး...အန်တီ့ကိုအဝတ်အစားလဲပေးမလို့။ဆူး အန်တီအဝတ်အစားပေး"

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Onde histórias criam vida. Descubra agora