အပိုင်း (၁၂)

Začať od začiatku
                                    

တစ်ချက်အော်လိုက်တာနဲ့ ပြာယာစွာ နန်းရိပ်ဆီမှကားသော့အားယူပြီး ထွက်သွားတာကြောင့် သက်ပြင်းသာချလိုက်မိတော့သည်။လွန်းဟယ်ရီကတော့လေ အာဏာသိပ်ပြင်းတာပဲ။အရာရာသူ့စိတ်တိုင်းကျပဲလုပ်နေတော့တာ။ခက်ဆစ်အပေါ်တွင်သာမက သူ့အပေါ်မှာပါ လွှမ်းမိုးနေတော့တာ။အခုလည်းကြည့်လေ။မလိုက်ပါဘူးဆိုတာကိုအတင်းခေါ်တယ်။လိုက်မယ်ဆိုပြန်တော့ သူချီခေါ်မယ်တဲ့လေ။ဘယ်လိုမှပြောမရသည့်အဆုံး ကိုယ်ကပဲလျှော့ကာ သူ့ရင်ခွင်ထဲပါလာတော့တာ။ဒီမိန်းကလေးနဲ့တော့ ခက်ပါရဲ့လေ။
"မင်း တို့နောက်လျှောက်လိုက်နေမဲ့အစား အမှုကိုလိုက်ပါ့လား"
"ဘာရယ်...။ကျွန်မက ရှင့်နောက်လိုက်တာ်လို့ထင်နေတာလား ဒေါ်နန်းရိပ်လွှာ"
"မဟုတ်လို့လား..။ကလေးသွားမေးတောင် မဟုတ်ဘူးပြောရင်ယုံမှာမှမဟုတ်တာ"

သူပြောခဲ့ကသည့်စကားနှင့်သူ့အားပြန်လည်ချေပနေသည့်အမျိုးသမီးကြောင့် ဟယ်ရီအနည်းငယ်ပြုံးလိုက်မိသည်။သို့ပေမဲ့ချက်ချင်းပင် မျက်နှာအား ပြန်တည်လိုက်ကာ ထိုအမျိုးသမီးဘက်အားလှည့်ကြည့်လိုက်မိသည်။

ပြတင်းတံခါးအပြင်သို့ငေးမောနေသည့်အမျိုးသမီးမှာ ဟယ်ရီငေးကြည့်နေသည်ကိုတော့ မသိဘူးထင်ရဲ့။တစ်ပတ်လျှိုဆံထုံးတွင် ရာသီပေါ်ကောက်ရေပန်းတို့အား ရစ်ခွေပတ်ကာပန်ထားပုံမှာ ထိုအမျိုးသမီးနှင့်လိုက်ဖက်လှသည်။ဒေါ်နန်းရိပ်လွှာဟာ ပန်းတွေတော့အတော်ချစ်သည်ထင်ရဲ့။ကောက်ရေပန်းတွေပွင့်နေသည်မှာ အတော်ကြာပေပြီ။စပွင့်တည်းကနေ ခုထိ ပန်းပန်တာမပျက်သေး။အိမ်မှာနေရင်းတောင် ပန်းအား ကေသာတွင်ထိုးထားတတ်သည်။ထိုကောက်ရေပန်းအနံ့အား အီတယ်ဟုတွေးခဲ့မိသည့်ဟယ်ရီပင် အခုတော့ ပန်းနံ့အား နှစ်သက်နေပေပြီ။မကြာမီဆိုဆောင်းဝင်တော့မည်မလို့ မိုးစက်တို့မှာ ဟယ်ရီတို့အား နှုတ်ဆက်နေတော့သည်။
"လွန်းဟယ်ရီ...ဘယ်သွားနေတာလဲ"
တစ်လျှောက်လုံးငေးနေပြီး ခုမှ ဘယ်သွားနေတာလဲမေးတာကြောင့် ဟယ်ရီ ရယ်လိုက်မိသည်။
"ကုမ္ပဏီလေ..."
"ဒီလမ်းမှ မဟုတ်တာ..."
"ဘာလို့မဟုတ်ရမှာလဲ...။မနက်တိုင်းသွားနေတဲ့ လမ်းကိုတောင်မမှတ်မိတော့ဘူးလား"
"ဒါ..ဒါက မင်း ကုပ္မဏီသွားတဲ့လမ်းမှမဟုတ်တာ"
"ကျွန်မလည်း ကျွန်မ ကုမ္ပဏီကိုသွားမယ်လို့မပြောမိပါဘူး။နောက်ဆို ကျွန်မနေ့တိုင်းသွားဖြစ်တော့မဲ့ ကျွန်မအမျိုးသမီးကုမ္ပဏီကိုသွားမလို့"
"လွန်းဟယ်ရီ..ငါ့ကုမ္ပဏီမှာ မင်းကိုနေခွင့်မပြုဘူးနော်။"
"ခွင့်မပြုလို့မရဘူးလေဒေါ်နန်းရိပ်လွှာရဲ့။ကြားဖူးတယ်မလား အိမ်ထောင်တစ်ခုမှ အိမ်ထောင်ဦးစီးပစ္စည်းကို ဇနီးမယားကပိုင်သတဲ့။အဲ့လိုပဲဇနီးမယားရဲ့ပစ္စည်းကိုလည်း အိမ်ထောင်ဦးစီးကပိုင်တယ်လေ။မဟုတ်ဘူးလား"
"မင်း...မင်းဟာလေ။အဲ့တာဆို မင်းဘာသာမင်းသွား...တို့အိမ်ပြန်မယ်။"
"မရဘူး။ကျွန်မနဲ့လိုက်ရမယ်"
"တို့ခြေထောက်နာနေတယ်.."
"ကျွန်မ ချီခေါ်နိုင်တယ်..."
"လွန်းဟယ်ရီ!!!တို့အကြီးအကဲတစ်ယောက်အနေနဲ့အလုပ်လုပ်တဲ့နေရာထိပါ မင်းလိုက်နှောင့်ယှက်မှဖြစ်မှာလား"
သက်ပြင်းရှည်တစ်ချက်အားချလိုက်မိသည်။ဆိုင်မှာတုန်းက အနည်းငယ်တော်သေးပေမဲ့ ကုမ္ပဏီမှာတော့ အဲ့လိုအလုပ်မခံချင်ပါ။ဝန်ထမ်းတွေရဲ့ပြောစရာဖြစ်မှာ မလိုလားပေ။
"ကောင်းပြီ ဒါဆို ခုနကတွေ့ခဲ့လူအကြောင်းပြောပြ။အိမ်ပြန်ပို့ပေးမယ်"
"ရတယ် မင်းမပို့လည်း တို့ဘာသာပြန်လို့ရတယ်။"
"လွန်းဟယ်ရီ!!!"
ကားတံခါးအား လော့ခ်ချလိုက်သည်မလို့ နန်းရိပ်စိတ်တိုစွာအော်လိုက်မိသည်။မျက်စောင်းတို့မှာလည်း ဘယ်နှစ်ကြိမ်ဘယ်နှစ်ခါမှန်းမသိအောင်ထိုးနေမိတော့သည်။တစ်ယောက်ကတော့ အရယ်အပြုံးမပျက်။
"မပြောလဲရတယ်လေ။ဒီကားထဲမှာပဲ အတူထိုင်နေကြတာပေါ့ အဟင်း"
စုပ်တစ်ချက်သပ်လိုက်ရင်း သက်ပြင်းရှည်တစ်ခုအားထပ်မံချမိပြန်သည်။
"သူ့နာမည်က မင်းမင်း တဲ့။အလွတ်စုံထောက်တစ်ယောက်ပဲ။မင်းအစ်မ သွန်းချယ်ရီအမှုကိုဖြေရှင်းဖို့ တို့သူ့ကိုအပ်ထားတာ။ဒီနေ့တွေ့တာလဲ အဲ့ကိစ္စပဲ။ဒီလောက်ဆိုရပြီမလား"
"ကျွန်မတစ်ခုလောက်မေးလို့ရမလား..."
"ဘာလဲ..."
"ရှင် သူ့ကိုပိုက်ဆံဘယ်လောက်ပေးထားလဲ"
"ဘာဖြစ်တယ်..."
"ရှင့်အစ်ကိုအမှုကနေလွတ်အောင် သက်သေအတုတွေဖန်တီးဖို့ ရှင်သူ့ကို ဘယ်လောက်ထိလာဘ်ထိုးထားလဲလို့မေးတာ"
"လွန်းဟယ်ရီ!! မင်း..မင်းကလေ ပြောလေကဲလေပဲ။ဘာလို့တစ်ဖက်သတ်ပဲ စွပ်စွဲနေရတာလဲ"
"စွပ်စွဲတယ်...အဟက် ဘယ်တုန်းကစွပ်စွဲခဲ့လို့လဲ ကျွန်မက အမှန်တွေပဲပြောခဲ့တာ။ရှင့်အစ်ကိုကပဲ လူသတ်သမား။ကျန်တဲ့သူတွေကိုအပြစ်ရှာစရာမလိုဘူး"
"မင်းက အဖြေမှန်လည်းရှာချင်သေးတယ်။တစ်ဖက်ပိတ်လည်း အရမ်းလုပ်တာပဲ။မင်းကို ထက်ထက်မြက်မြက်လေးထင်ထားတာ။တကယ်တော့ မင်းကအပြောပဲရှိပြီး အလုပ်မလုပ်တဲ့သူပဲ"
"ကျွန်မကို လာသင်ပြစရာမလိုဘူး ဒေါ်နန်းရိပ်လွှာ"
"မင်းလုပ်နေတာမဟုတ်ရင် ငါကပြောရမှာပဲ။ဘာကိုယုံကြည်ပြီးရူးမိုက်နေတာလဲ ဟမ်။ဘာလို့ ကိုယ့်အားကိုယ်မကိုးပဲ သူများပြောတာပဲ အားကိုးနေရတာလဲ။ကိုကိုကြီးသာအပြစ်သားဆို မင်းရအောင်သက်သေရှာလေ။မင်းသက်သေမရှိဘဲ ကိုကိုကြီးကို မစွပ်စွဲနဲ့"
"သက်သေမှမလိုဘဲ။အဲ့ဒီနေ့က ရှင့်အစ်ကိုက ကျွန်မအစ်မကို ခေါ်ခဲ့တာ။ကျွန်မအစ်မရဲ့ဒိုင်ယာရီစာရွက်တစ်ခုထဲမှာ ကျွန်မကိုယ်တိုင်တွေ့ခဲ့တာ။အဲ့ထက်ဘယ်သက်သေက တိကျအုံးမှာလဲ ဟမ်။ပြောစမ်းပါ။ရှင်က ဘယ်လိုသက်သေမျိုးကိုလိုချင်တာလဲ"
"ကိုကိုကြီးက ခေါ်လို့တဲ့လား။အိမ်ထောင်ရှိ၊ကလေးတစ်ယောက်အဖေက ခေါ်တာကို မင်းအစ်မက လာရအောင် ဘယ်လိုမိန်းကလေးမလို့လဲ"
"ဒေါ်နန်းရိပ်လွှာ!!!"
စိတ်တိုစွာပြောပြီးမှ မပြောသင့်မှန်းသတိရကာ အားနာစိတ်ဝင်သွားမိတော့သည်။မျက်ဝန်းတို့မှာရဲနေပြီး နန်းရိပ်လက်နှစ်ဖက်အား အားပါစွာဖျစ်ညှစ်ထားတာမလို့ မျက်ရည်တို့ရစ်ဝဲကာလာမိတော့သည်။
"လွန်းဟယ်ရီ..လွှတ်..လွှတ်လို့။ငါ့လက်နာနေပြီ"
နန်းရိပ်ရုန်းပေမဲ့ ထိုကလေးမလက်တွေမှာမြဲမြံစွာ။ကြည့်လိုက်တာနှင့်ဘယ်လောက်ထိစိတ်ဆိုးနေလဲဆိုတာ အတပ်သိနိုင်သည်။
"လွန်းဟယ်ရီ..."
"ရှင့်နှုတ်ကနေ ဘာစကားမှမထွက်တော့နဲ့။ကျွန်မအစ်မကိုရှင်ပြောပိုင်ခွင့်မရှိဘူးသိလား။ရှင့်လို လူသတ်သမားတစ်ယောက်ရဲ့ညီမက ကျွန်မအစ်မကို စော်ကားပြောဆိုခွင့်မရှိဘူး"
ရှင်းပြလျှင်လည်းမရတာသိသည်မလို့သူပြောသမျှ နားထောင်နေမိတော့သည်။
"ဆင်း...ကျွန်မကားပေါ်က ဆင်းလို့"
အသံအရမ်းကျယ်တာကြောင့်နန်းရိပ်လန့်သွားမိသည်။ဒီအခြေအနေမှာသူပြောသလိုလုပ်တာကပဲ ရန်အေးစေမှာမလို့ ကားတံခါးအား ဖွင့်ကာ မိုးရေထဲ ဆင်းရပ်လိုက်မိသည်။နန်းရိပ်ဆင်းလိုက်သည်နှင့် ကားအားတရကြမ်းမောင်းကာထွက်သွားတာကြောင့် ဘုရားတလိုက်မိသည်။
"ကိုကိုကြီးကိုပဲ ဖုန်းဆက်ပြီးလာခေါ်ခိုင်းတော့မယ်။တကယ်ဘာမှန်းကိုမသိ။သူများကိုခေါ်လာပြီး"
မကျေမနပ်ရေရွတ်ရင်း ပိုက်ဆံအိတ်အားဖွင့်တော့ ဖုန်းမှာပါမလာပေ။စိတ်ပျက်လက်ပျက်ဖြစ်သွားရင်း မိုးရေထဲတွင် ထော့နဲ့ထော့နဲ့ဖြင့်လျှောက်ဖို့သာ စိတ်ကူးမိလိုက်တော့သည်။လမ်းမကြီးပေါ်ရောက်ရင်တော့ကားငှားလို့ရလောက်ရဲ့။အခုက လမ်းကြားနေရာလိုဖြစ်နေတော့ အလွယ်တကူ ကားမလာတတ်ပေ။မိုးကလည်း ခုနကတော့ တဖွဲဖွဲ့ကျရုံသာ။အခုများကျ အငြှိုးနဲ့ရွာလေသလား မှတ်ရအောင် သည်းသည်းမည်းမည်းပင်။မိုးရေစက်တစ်ခါထိလေတိုင်း လက်တို့မှာစပ်ဖျင်းသွားရသည်။
မိုးသည်းလို့ထင်ရဲ့ကားများမျာသိပ်မလာ။လာသည့်ကားများကျလည်း တားမရပေ။လမ်းဆက်လျှောက်ဖို့ကိုလည်း ခြေထောက်ကအတော်ကိုနာနေပေပြီ။ဖိနပ်အမြင့်နဲ့ဆိုပိုနာလို့ ဖိနပ်ကို ခုနကလျှောက်ခဲ့တဲ့လမ်းမှာပင် ထားခဲ့မိသည်။

အမုန်းပင်မှပွင့်သောအချစ်ပန်း (Completed)Where stories live. Discover now