▪ Me After You ▪

Start from the beginning
                                    

'ပြန်တော့လျော်ပေးမှရမယ် ကောင်လေး၊အစ်ကိုကသေချာလိုချင်လို့ အော်ဒါပါမှာထားတာမို့လို့လေ'

"အာ...တောင်းပန်ပါတယ်ပဲကျွန်တော်ပြောနိုင်တော့တယ်"

'ဒီလိုလုပ်မလား၊အစ်ကို့ပန်းအိုးတွေအစား မင်းရောင်းတဲ့ထဲက တစ်ခုစီကိုကျွေးလေ...အစ်ကိုလည်းဗိုက်ဆာနေတာမို့ ချေလိုက်တာပေါ့'

ဂျောင်ကုသူ့အရှေ့ကအစ်ကိုကိုသေချာကိုကြည့်နေမိသည်။ဒါကသိပ်ကိုသဘောကောင်းလွန်း
တဲ့သူလို့မထင်မြင်နိုင်ဘူးလား။မျက်၀န်းညိုညိုတွေ၊နောက်ပြီး ချယ််ရီရောင် နှုတ်ခမ်းဖူးဖူးလေးတွေ၊သူ့မုန့်တွေကိုထိုးပြတဲ့လက်ရှည်ရှည်သွယ်သွယ်ကောက်ကောက်လေးတွေက ဒီအစ်ကိုရဲ့ယပြည့်စုံခြင်းများလားဟု တွေးယူမိနေချိန်မှာ အရှေ့ကလူသားကိုကြည့်ပြီးခုန်နေတဲ့ နှလုံးခုန်နှုန်းတွေကမတည်ငြိမ်ဘဲ ပေါက်ထွက်တော့မည်အလား၊သူတော့ကျိန်းသေပေါက် အစ်ကို့ကို ပထမဆုံးအကြိမ်မှာတွေ့ဆုံခြင်းနဲ့တင်ချစ်မိဖို့အကြောင်းဖန်လာသည်ကကျိန်းသေပါသည်။ယောကျာ်းလေးဆိုတဲ့နာမ်တွေခွဲခြားပြီးအစ်ကို
ဖြစ်နေလို့ကိုသဘောကျမိသွားသည်ကသူ့ရဲ့အသက်၂၀ကျော်မှာပထမဆုံးရင်ခုန်ခြင်းသာ။

"ကျေးဇူးအများကြီးတင်ပါတယ်နော် အစ်ကို"

ချက်ချင်းပင် ခါးကို လေးဆယ့်ငါးဒီဂရီလောက်ချိုးပြီးပါးချိုင့်ရေးရေးပေါ်သည်အထိပြုံးပြပြီး မုန့်ကိုသေချာလေးလုပ်ပြီး ထုတ်ပိုးနေတဲ့ကောင်ငယ်လေးက သူ့ထက် လေးငါ့နှစ်လောက်ငယ်မဲ့သဘောမှာရှိသည်၊ဖြူစင်သလို ချစ်လည်းချစ်ဖို့ကောင်းတဲ့ ပုံစံလေးသာ...ဘာကြောင့်ရယ်မှန်းမသိ အခွင့်သာရှိခဲ့သေးရင် ဒီကောင်လေးနဲ့ စကားတူတူပြောခွင့်ရချင်သေးပေမဲ့ အလျင်လိုနေတဲ့ကောင်လေးကြောင့် ဘာမှမပြောနေမိတော့။

"ရပြီ အစ်ကို၊များများပိုထည့်ပေးထားတယ်နော်"

'ကျေးဇူးပါ ဂရုစိုက်ပြန်ဦးနော်'

"ဟုတ်ကဲ့ပါ အစ်ကို၊ကျေးဇူးအများကြီးတင်ပါတယ်"

'ရပါတယ်၊သြော်...ကောင်လေး၊မင်းနာမည်က ဘယ်လိုခေါ်လဲ'

Lastingly You and Me Where stories live. Discover now