_____________

မနက်မိုးလင်းသည်နှင့် ကျေးငှက်တို့၏အော်မြည်သံများကို ဝန်းကျင်အနှံ့တွင်ကြားနေရတော့သည်။မွေ့ယာပေါ်တွင်တော့ ပိုးလိုးပက်လက်အိပ်ပျော်နေသောလူငယ်လေးတစ်ဦးနှင့် ငြိမ်ငြိမ်သက်သက်လေးအိပ်ပျော်နေသောကောင်လေးတစ်ယောက်ရှိလေသည်။ထိုစဥ်မှာပင် ကောင်လေးသည် မျက်လုံးလေးကိုဖြေးညှင်းစွာဖွင့်လာသည်။မျက်တောင်စိပ်စိပ်လေးများဝန်းရံထားသော မဟူရာမျက်ဝန်းတစ်စုံသည် ညှို့ယူနိုင်စွမ်းအပြည့်နှင့်ဖြစ်ကာ မှုန်မှိုင်းမှိုင်းနှင့် ပဟေဠိတို့ပြည့်နှက်နေသည်။

နိုးနိုးချင်းမြင်လိုက်ရသည်က မျက်နှာကြက်ဖြူဖြူကြီးနှင့်ကြီးမားသောမီးဆိုင်းကြီး။ဟုတ်သားပဲ သူမနေ့က ကိုကို့ရဲ့အခန်းထဲမှအိပ်ပျော်သွားခဲ့တာပဲ။

အတွေးနှင့်အတူ သူ့ခေါင်းကိုဘေးဘက်ဆီလှည့်လိုက်တော့ မြင်လိုက်ရသည်က သူရှိရာဘက်ကိုစောင်းကာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကိုကို။

ကိုကိုကသိပ်လှသည်။အသားလေးကဖြူဝင်းနေပြီး မျက်နှာလေးက ဝိုင်းဝိုင်းလေးနှင့်။ထို့ပြင် ပါးဖောင်းဖောင်းလေးကို ဖိအိပ်ထားမို့ နှူတ်ခမ်းလေးကစူနေသေးသည်။လှိမ့်ထား၍ရှုပ်ပွနေသောအနက်ရောင်ဆံနွယ်များကလဲ မျက်နှာလေးပေါ်ကိုဝဲကျနေသေးသည်။

   "အင်း~~~~ဝှါး~~~~"

နိုးလာသော ကိုကို့ကြောင့် သူအမြန်ပင်အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

မင်းသွန်းညှာသည်နိုးလာသည်နှင့်အပျင်းကြောဆန့်လိုက်ပြီး သူ့ဘေးမှအိပ်ပျော်နေသောနေနိုင်းမာန်လေးကိုကြည့်ကာပြုံးလိုက်သည်။နေနိုင်းမာန်လေး၏ခေါင်းလုံးလုံးလေးကိုမွှေးကြူကာ မျက်နှာသစ်ရေမိုးချိုးရန် ရေချိုးခန်းထဲဝင်လာလိုက်သည်။ကုတင်ဘေးရှိစားပွဲခုံပေါ်မှဘဲလ်ကိုနှိပ်ကာအစေခံများကိုခေါ်ထားရန်လဲမမေ့မလျော့။

ရေချိုးခန်းထဲရောက်သော် ညအိပ်ဝတ်စုံကိုချွတ်ချပြီး ရေအေးအေးလေးနှင့်စိမ်ချိုးနေမိသည်။သူချွတ်ချလိုက်သော ညအိပ်ဝတ်စုံကိုမျက်လုံးကအသာဝေ့ကြည့်မိရာ ထိုအင်္ကျီ၏လည်ဂုတ်နေရာတွင် မနေ့က Shirt၏လည်ဂုတ်နေရာမှာရှိသည့်အသားရောင်ပိတ်စလိုအရာမျိုးကရှိနေလေသည်။

ငါကဗီလိန်! [Uni + Zaw]Nơi câu chuyện tồn tại. Hãy khám phá bây giờ