ထမင်းတစ်လုပ်စားဖို့အတွက်ကို အကြီးများခိုင်းသမျှအကုန်လုပ်ပေးရရှာသည်။ဒီလိုနှင့်နေလာရင်းမှ ဦးမင်းခမ်းနားနှင့်အဆက်အသွယ်ပြန်ရကာ ကလေးကိုပြန်ခေါ်လာနိုင်ခြင်းဖြစ်သည်။ထိုအဖြစ်အပျက်အားလုံးကို မင်းသွန်းညှာသည် ဝတ္ထုဖတ်ထား၍သိနေသော်လဲ မူလမင်းသွန်းညှာ၏မှတ်ဥာဏ်ထဲတွင်မူ ထို ၁၀နှစ်စာပျောက်ဆုံးနေလေသည်။

အနည်းငယ်ထူးဆန်းသော်လဲအမှုမဲ့အမှတ်မဲ့သဘောထားကာ မင်းသွန်းညှာသည် သူ့ရှေ့ရှိကလေးကိုသာငေးနေမိသည်။

    'ဒီကလေးက Dominant Alphaတစ်ယောက်၊အနာဂတ်မှာလဲ လူတော်လေးဖြစ်လာမှာ၊ ဒီအချက်နဲ့တင် ငါသူ့အနားကပ်နေသင့်ပါတယ်လေ၊ ကဲ ညီလေးရေ ဒီအစ်ကိုကြီးကိုရှေ့လျှောက်ကူညီစောင်မ ပါဦးကွာ'

သူငေးကြည့်နေတုန်းမှာပင် နေနိုင်းမာန်လေးသည် လူးလိမ့်ကာနိုးလာလေသည်။နိုးနိုးချင်း မျက်လုံးလေးကိုလက်သေးသေးလေးဖြင့်ပွတ်ကာ ဟိုကြည့်ဒီကြည့်လုပ်နေလေသည်။ပြီးမှ သူ့ကိုမြင်ကာ ခန္ဓာကိုယ်လေးကကျုံ့သွားပြီးကုတင်ထောင့်ကိုပြေးကပ်သွားလေသည်။

မင်းသွန်းညှာ၏ရင်ထဲတွင်နင့်ကနဲပင်။ဒီကလေးသည် သူ့ကိုယ်သူကာကွယ်နေပုံလေးက ချစ်ဖွယ်ကောင်းသလို တစ်ချိန်တည်းမှာပင်သနားစရာလေးပင်။အစကတည်းက ကလေးချစ်တတ်သော သူ့အဖို့ ဤကလေးလေးကို သူ့ခမြာ သနားကြင်နာစိတ်တွေကတဖွားဖွားပေါ်လျက်သားပင်။ထို့ကြောင့် သူ့ဘက်ကပင်စကာ

    "ဟေး ညီလေး၊ ကိုကိုက ညီလေးရဲ့အစ်ကိုဖြစ်လာမဲ့သူလေ၊ကိုကို့နာမည်က မင်းသွန်းညှာ၊ ကိုကိုလို့ပဲခေါ်ပေါ့နော်၊"

မိတ်ဆက်ပြီးနောက် သူသည်အလှဆုံးပြုံးပြလိုက်သည်။ထို့နောက်

    "ညီလေးနိုးပြီဆိုတော့ အောက်ထပ်မှာဖေဖေနဲ့ အကိုကြီးကိုသွားတွေ့ကြမလား၊ဒါမှမဟုတ် အနားယူချင်သေးလား..."

    "..........."

    'ငါဒီလောက်ပြောနေတာ ငါ့ကိုနဲနဲလောက်အဖက်လုပ်ပါဦးဟ၊ ငါ ကလေးချစ်တတ်ပေမဲ့ ကလေးတွေကိုမချော့တတ်ဘူးနော်လို့၊'

မင်းသွန်းညှာတစ်ယောက်ရင်ထဲမှငိုကြွေးနေသော်လဲ နေနိုင်းမာန်လေးအားထပ်မံပြုံးပြကာ

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now