'မှတ်ဥာဏ်ကလဲ ကောင်းလိုက်တာနော်...စောနလောက်ကမှဖတ်ထားတဲ့ ဝတ္ထုကိုမေ့ရတယ်လို့...'

    'ဟင် စကားပြောနိုင်တယ်လား...'

    'ပြောနိုင်တာပေါ့...ငါလေးက မြင့်မြတ်တဲ့ ဟမ်းစတားလေး "ဟမ်းဟမ်း" ပဲဟာ....'

    'အယ်...ငါက စိတ်ထဲမှာပြော---....."

    'စိတ်ထဲမှာပြောလဲကြားတယ်...အပြင်မှာပြောလဲကြားတယ် ဟုတ်ပြီနော်...ဒါပေမဲ့ အခုလောလောဆယ်တော့ ဟိုအစေခံတွေနဲ့လိုက်လျောညီထွေအရင်နေလိုက်...'

တစ်သက်နဲ့တစ်ကိုယ် သူများကိုဆရာလုပ်လာသော မင်းသွန်းညှာသည် ထို ဟမ်းစတားကောင်လေး ဟမ်းဟမ်း နှင့်ကြမှ အပိုးတွေကျိုးကာ သူခိုင်းသမျှလုပ်နေရလေသည်။

သူသည် ကုတင်ပေါ်မှထကာ

    "ကောင်းပြီလေ...ရေအရင်ချိုးမယ်..."

ထိုသို့ပြောကာ သူမြင်နေရသည့် အခန်းတံခါးတစ်ခုဆီသွားဟန်ပြင်ရာ သူပုခုံးပေါ်ရှိ ဟမ်းဟမ်း က

   'အဲ့တာ အဝတ်လဲခန်း...ရေချိုးခန်းက ညာဘက်မှာ...'

    "အဟမ်း..."

မင်းသွန်းညှာလဲ အရှက်ပြေချောင်းဟမ့်ကာ ညာဘက်ရှိ ရေချိုးခန်းဆီသို့သွားလိုက်သည်။အနောက်မှအစေခံမိန်းမပျိုများက လိုက်မည့်ဟန်ပြင်နေ၍

    "နေ နေ...ကျွန်တော့်ဘာသာကျွန်တော် ချိုးမယ်... အဝတ်အစားသာ အသင့်ပြင်ပေးထား..."

ထူးထူးခြားခြား ပြောဆိုပြုမူနေသော သခင်လေးကို အစေခံများက ကြောင်အကာကြည့်နေသော်လဲ သူတို့၏သခင်လေးကတော့ ရေချိုးခန်းတံခါးပင်ပိတ်ချပစ်လိုက်လေသည်။

မင်းသွန်းညှာလဲရေချိုးခန်းထဲရောက်ကာမှ လော့ချထားသော တံခါးကိုမှီရင်း မျက်နှာချင်းဆိုင်ကိုကြည့်လိုက်ရာ မျက်နှာချင်းဆိုင်ရှိ ကိုယ်လုံးပေါ်မှန်ကြီးတွင်ထင်နေသော သူ့ပုံရိပ်ကိုကြည့်ရင်း လန့်ဖြန့်ကာ ထအော်မိတော့သည်။

    "အား...WTF??...ငါ့အသက်၁၄နှစ်ကိုပြန်ရောက်သွားတာလားဟ..."

ရေချိုးခန်းမှာအသံလုံ၍သာ သူ၏ အသံကျယ်ကို တံခါးတစ်ချပ်သာခြားသော အစေခံမိန်းမပျိုတို့ကမကြားနိုင်ခြင်းသာ။

ငါကဗီလိန်! [Uni + Zaw]Tempat cerita menjadi hidup. Temukan sekarang