"ဒါနဲ့ ပထမနှစ်တုန်းကလည်း yeonjun hyungတို့ကိုလည်းမတွေ့သလိုဘဲ။ "

"ငါတို့နဲ့ရန်ဖြစ်ပြီးတစ်ပတ်ကြာမှ ကျောင်းလာတက်ကြတာလေ။ အရင်လတွေရက်တွေတုန်းက တစ်လမှတစ်ရက်ဘဲတက်ကြတာ။ မိဘနောက်ခံဘက်ဂရောင်း(background) ကြောင့် အိမ်ကနေဘဲသင်ကြတာတဲ့။ "

"မထင်ရဘူးနော် gyu hyungလည်း..."

-taehyunတို့ကိုယ့်လူအကြောင်းအတင်းတုပ်ရင်း ဝင်လာလိုက်တာ ဒုတိယနှစ်ဆောင်ကိုတောင်ရောက်လာခဲ့သည်။ -

"ဒါဆို taehyunငါတို့အတန်းဆီသွားတော့မယ်နော်။ "

"အွန်း....တာ့တာ "

-taehyunလည်း သူ့နေရာတွင်ဝင်ထိုင်ကာ အသင့်ပြင်ထားလေသည်။ ကျောင်းပြန်တက်ရလို့လားမသိဘူး...ပျင်းစရာကြီး။ -

"အာညော်..."

"အမယ်လေး လန့်လိုက်တာ။ "

-သူမော့ကြည့်လိုက်တော့ ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ကောင်လေးတစ်ယောက်က ပြုံးပြနေသည်။ သူ့ဘေးမှာက ဂျစ်ကန်ကန်ပုံစံမျိုးနဲ့ မျက်ဆံနက်သည့်ကောင်လေး။ -

"ငါနာမည်က Kim Junkyu....(ကင်မ်ဂျွန်ကယူ)
(Treasure Junkyuဟုတ်ပါတယ်)

"ငါ့နာမည်က Yoo Daejun(ယူဒယ်ဂျွန်း)"

"သူငယ်ချင်းလုပ်ရအောင်"

"အွန်း....။
ငါသူငယ်ချင်းတွေ သဘောကျမယ်မထင်ဘူး။ "

"Waeyo? 🥺"

-puppy eyesလေးလုပ်ပြလာတဲ့ Junkyu-

"ငါသူတို့ကလွဲရင် အပြင်သူငယ်ချင်းမထားဖူးလို့..."

"မင်းကလည်း အတန်းဖော်ပေါ့...
သိတော့သိထားလိုက်"(DJ)

"အွန်းပါ...အတူတူထိုင်လို့တော့ရပါတယ်"

-junkyuဆိုသူထက် daejunရဲ့အကြည့်တွေ့နဲ့စကားပြောပုံကိုသူမကြိုက်ပေ။ အခုမှသိတာကို အရင်ကရင်းနှီးဖူးသလိုလာပြောနေသည့်အတွက်ကျေတော့မကျေနပ်ချေ။ သို့သော် သူ့ဘက်ကဘဲ အရင်စဖိတ်ခေါ်လိုက်သည်။ -

"ဂိုမာဝေါ ချင်းဂုယား"

-junkyuကဘေးနားလာထိုင်ရင်း taehyunကိုပြုံးပြပြီး ပစ္စည်းတွေနေရာချနေသည်။ Daejun ကတော့ အမည်ဖော်မရတဲ့အပြုံးတစ်ခုကိုသာ ဆင်မြန်းလျက်။ -
.
.
.
-ကျောင်းထဲသို့ ကားသုံးစီးအပြိုင်ဝင်လာတာနဲ့ လူတွေက စိတ်လှုပ်ရှားစွာကြည့်နေကြသည်။ အံအားသင့်နေသောလူများလည်းပါသည်။ -

Forever[Completed]Where stories live. Discover now