"... မင်းဒီလိုဖြစ်နေရင် လင်းရွှမ် စိတ်ပူရလိမ့်မယ်။" ဟန်ကု သူ့ကို နမ်းရင်း ပြောနေပေမယ့် သူ့လေသံက​တော့ ပိုမိုနူးညံ့လာသည်။ "မကြောက်နဲ့ ကိုယ် မင်းကို ကူညီပါရစေ..."

"ကိုယ်က မင်းရဲ့ အယ်ဖာပါ။"

နောက်ဆုံးစာကြောင်းက ချူလင်းအား လုံးဝသက်တောင့်သက်သာဖြစ်သွား​စေပုံရပြီး သူ့နှုတ်ခမ်းများကို နာခံမှုရှိရှိ ဖွင့်ဟလိုက်ကာ ဟန်ကုအား လျှာဖျားဖြင့် စုပ်ယူနမ်းရှိုက်ခွင့်ပေးလိုက်သည်။ ပြင်းထန်သည့်ရနံ့တစ်ခုက ချက်ချင်းပင် အခန်းထဲသို့ စိမ့်ဝင်သွားသည်။

အယ်ဖာတိုင်းသည် သူတို့၏ကိုယ်ပိုင် အိုမီဂါများကို မည်သို့ဦး​ဆောင်ရမည့်အပိုင်းတွင် ထူးချွန်ကြပြီး နည်းလမ်းများသည် မတူညီနိုင်သော်လည်း ကာကွယ်လိုသည့်သဘာဝဆန္ဒအရ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏အသက်အန္တရာယ်ကို မထိခိုက်စေရန် တားမြစ်ထားလေသည်။

ဟန်ကုသည် သူ့ အိုမီဂါက မိမိကိုယ်ကို အနာခံမှကြိုက်တဲ့သူတစ်​ယောက် ဖြစ်​နေစေကာမူ သူလုပ်ချင်တာကို လုပ်ခွင့်ပေးတော့မည်မဟုတ်​ပေ။

အခန်းထဲက မထွက်ခင် တစ်ဖက်လူကို နှစ်သိမ့်ပေးလိုက်သည်။

───

ချူလင်းသည် တစ်လနီးပါးမျှ ကောင်းကောင်းမအိပ်ခဲ့ရ​သောကြောင့် အချိန်အတော်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့၏။ အိပ်ရာက နိုးလာတဲ့အခါ ဘယ်နှစ်နာရီရှိနေပြီလဲ ဆိုတာတောင် မပြောနိုင်တော့​ပေ။

ခဏတာ အံ့အားသင့်သွားပြီးနောက် ဖြည်းဖြည်းချင်း သတိပြန်ဝင်လာသည်။

နောက်ဆုံး မှတ်ဉာဏ်အပိုင်းအစကတော့ ဟန်ကု သူ့ကို နမ်းလိုက်ခြင်းပင်။ ချူလင်း ထိတ်လန့်တကြားဖြင့် သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရာ ထူးခြားမှုမရှိကြောင်း တွေ့ရှိခဲ့သည်။ ထို့မှသာ သက်ပြင်းမောတစ်ချက် ချလိုက်ရ​တော့သည်။

ထိုအချိန် သူသည် heatကာလကုန်ဆုံးချိန်မှ နိုးလာပြီး တစ်ကိုယ်လုံး စိတ်ပျက်အားငယ်လုနီးပါးဖြစ်နေသည့်အချိန်ကို သတိရမိလိုက်သည်။

TMAWNB ||မြန်မာဘာသာပြန်||حيث تعيش القصص. اكتشف الآن