•Nyctophilia•

123 11 0
                                    

ရှင့် ပါးချိုင့်လေးထဲ သိမ်းဖွက်ထားတာ
ပျားရည်မြစ်တစ်စင်းလား။

စတွေ့ကတည်းက သိလိုက်တယ် ချိုမြိန်မှုရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဟာ ရှင်ဆိုတာကိုပေါ့။
မြင်နေရုံနဲ့တင် ချိုမြိန်တဲ့ခံစားချက်လေးရတယ်။
ထိတွေ့မှု မပါလည်း မျက်လုံးတွေမှိတ်ထားဖို့မလိုဘဲ ပီပီပြင်ပြင်ခံစားလို့ရပါတယ်။
ရှင်သိရဲ့လား...ကျွန်မလေ...
ဖြတ်တိုက်သွားတဲ့ လေပြည်ညှင်းလေးကအစ
တိမ်တွေမျောလွင့်သွားပုံ
ကမ္ဘာကြီးဆီက သတင်းစကားအထိ
ရှင့်မျက်ဝန်းအရိပ်တွေ လိုက်ဖမ်းရုံနဲ့
အရာရာ ခံစားကြည့်လို့ရတယ်။ဒါဟာ
ရှင်းပြရခက်သလို သိပ္ပံနည်းကျမဟုတ်တဲ့လျှပ်စစ်စီးကူးမှုတစ်ခုပါပဲ။
ရှင် ပြုံးလိုက်တဲ့အခါတိုင်း ပန်းခင်းတခင်းစာပျော်စရာတွေ ကျွန်မရင်ထဲထိ စီးကူးစေတော့တာပဲ။ မှော်ဆန်တယ်။ ချိုမြိန်တယ်။
ပြီးတော့ စွဲလမ်းစေတယ်။
ရှင်ဟာ တကယ်ကိုအန္တရာယ်များတဲ့ အရာပဲ။
ကြာကြာငေးလေ ကျွန်မပိတ်သိမ်းထားသမျှ
လောဘစိတ်လေးတွေ ဟိုတစ ဒီတစယိုစိမ့်ထွက်လာလေပဲ။ အချိန်ရရင် ဒီရက်ပိုင်း ကျွန်မသင်ယူချင်နေမိတဲ့ အပြုံးဘာသာစကားအသစ်အကြောင်း ရှင့်ကိုပြောပြချင်တယ်။ ဒီ့ထက်ပိုအချိန်ရရင်တော့  ဒီနေ့ရော ဘယ်လိုလဲလို့
မေးရင်း ရှင့်တနေ့တာ ဒိုင်ယာရီပါ ဖွင့်ဖတ်ကြည့်မယ်။ ရှင်ကရော အထွေအထူးမရှိပါဘူးကွာလို့
တူညီတဲ့အဖြေကိုပဲ ဖြေပြန်ဦးမလား။
ဒီလိုသာဆို "ပြောပါဦး
ရှင့် ပါးချိုင့်လေးထဲ သိမ်းဖွက်ထားတာ
ပျားရည်မြစ်တစ်စင်းလား " လို့ 
ကျွန်မထပ်မေးနေမိမှာ။

ရွင့္ ပါးခ်ိဳင့္ေလးထဲ သိမ္းဖြက္ထားတာ
ပ်ားရည္ျမစ္တစ္စင္းလား။

စေတြ့ကတည္းက သိလိုက္တယ္ ခ်ိဳၿမိန္မႈရဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ဟာ ရွင္ဆိုတာကိုေပါ့။
ျမင္ေနရံုနဲ႔တင္ ခ်ိဳၿမိန္တဲ့ခံစားခ်က္ေလးရတယ္။
ထိေတြ့မႈ မပါလည္း မ်က္လံုးေတြမိွတ္ထားဖို႔မလိုဘဲ ပီပီျပင္ျပင္ခံစားလို႔ရပါတယ္။
ရွင္သိရဲ့လား...ကၽြန္မေလ...
ျဖတ္တိုက္သြားတဲ့ ေလျပည္ၫွင္းေလးကအစ
တိမ္ေတြေမ်ာလြင့္သြားပံု
ကမ႓ာႀကီးဆီက သတင္းစကားအထိ
ရွင့္မ်က္ဝန္းအရိပ္ေတြ လိုက္ဖမ္းရံုနဲ႔
အရာရာ ခံစားၾကၫ့္လို႔ရတယ္။ဒါဟာ
ရွင္းျပရခက္သလို သိပၸံနည္းက်မဟုတ္တဲ့လ်ွပ္စစ္စီးကူးမႈတစ္ခုပါပဲ။
ရွင္ ႃပံုးလိုက္တဲ့အခါတိုင္း ပန္းခင္းတခင္းစာေပ်ာ္စရာေတြ ကၽြန္မရင္ထဲထိ စီးကူးေစေတာ့တာပဲ။ ေမွာ္ဆန္တယ္။ ခ်ိဳၿမိန္တယ္။
ၿပီးေတာ့ စဲြလမ္းေစတယ္။
ရွင္ဟာ တကယ္ကိုအႏၲရာယ္မ်ားတဲ့ အရာပဲ။
ၾကာၾကာေငးေလ ကၽြန္မပိတ္သိမ္းထားသမ်ွ
ေလာဘစိတ္ေလးေတြ ဟိုတစ ဒီတစယိုစိမ့္ထြက္လာေလပဲ။ အခ်ိန္ရရင္ ဒီရက္ပိုင္း ကၽြန္မသင္ယူခ်င္ေနမိတဲ့ အႃပံုးဘာသာစကားအသစ္အေၾကာင္း ရွင့္ကိုေျပာျပခ်င္တယ္။ ဒီ့ထက္ပိုအခ်ိန္ရရင္ေတာ့  ဒီေန့ေရာ ဘယ္လိုလဲလို႔
ေမးရင္း ရွင့္တေန့တာ ဒိုင္ယာရီပါ ဖြင့္ဖတ္ၾကၫ့္မယ္။ ရွင္ကေရာ အေထြအထူးမရိွပါဘူးကြာလို႔
တူညီတဲ့အေျဖကိုပဲ ေျဖျပန္ဦးမလား။
ဒီလိုသာဆို "ေျပာပါဦး
ရွင့္ ပါးခ်ိဳင့္ေလးထဲ သိမ္းဖြက္ထားတာ
ပ်ားရည္ျမစ္တစ္စင္းလား " လို႔ 
ကၽြန္မထပ္ေမးေနမိမွာ။


You've reached the end of published parts.

⏰ Last updated: Oct 11, 2022 ⏰

Add this story to your Library to get notified about new parts!

•Nyctophilia•Where stories live. Discover now