Part_8

28 11 6
                                        

#Unicode

'' ဂျွန်ဂျောင်ဂု လက်ထပ်ပွဲ နဲ့ မင်းကုမ္ပဏီ နှစ်ခုက တစ်ခုရွေး ''

'' ဟက်..ကောင်းပြီလေ လက်ထပ်ပွဲကို ခင်ဗျားကြိုက်သလိုစီစဥ်ပါ ဒါမဲ့ ခင်ဗျားကိုသိစေချင်တာတစ်ခုက ကျွန်တော့်ဆန္ဒမပါပဲ လုပ်ခဲ့တာကြောင့် ခင်ဗျားရော ကြုံရာပါလူတွေရော ကျွန်တော့်ကြောင့် ဘယ်တော့မှပျော်ရွှင်မနေစေရဘူးဆိုတာ မှတ်ထားလိုက် ''

ထယ်ယောင်း သူ့သူငယ်ချင်းဂျီမင်ကိုအကြေ

'' ဘာ...မင်းလက်ထပ်မဲ့လူက Jeon Jungkook!!!..ငါ ဒီလက်ထပ်ပွဲကို ဘာမှလည်းမသိရပါလား ''

'' မင်းအဖေမင်းကို မပြောပြထားဘူးလား ''

'' ငါက အိမ်မှာနေတာမဟုဘူး တိုက်ခန်းမှာနေနေတာ အိမ်မှာနေရတာက အဆင်မပြေဘူး....မင်းရဲ့လူကြောင်ပေါ့ကွာ "

'' ဘာလို့လဲ ဦးက မင်းကိုဘာလုပ်နေလို့လဲ သူက ကြည့်လိုက်ရင် ကြောက်ဖို့ကောင်းတဲ့သူဆိုပယ်မဲ့တကယ်တမ်းကခင်ဖို့ကောင်းတဲ့လူတစ်ယောက်ပါ ''

'' ကင်ထယ်ယောင်း မင်းငါ့အကိုကိုလျော့မတွက်နဲ့ သူ့ကိုမင်းအပြင်ပိုင်းကကြည့်ပြီးဆုံးဖြတ်ရင်မှားသွားလိမ့်မယ်။သူကဘယ်လိုလူမျိုးလဲဆိုတာ  တစ်အိမ်ထဲနေခဲ့တဲ့ငါအသိဆုံး။ငါအိမ်မှာနေခဲ့တဲ့တုန်းက သူ့အပေါ်အမြဲအကောင်းလုပ်ပေးခဲ့တယ် ဒါတောင် သူငါ့ကို ဘယ်တော့မှ အကောင်းမမြင်ခဲ့သလို  ညီတစ်ယောက်လိုလည်းအသိအမှတ်ပြုမခံခဲ့ရဘူး။သူကငါ့ကိုအရမ်းမုန်းနေတာ ငါကသူမုန်းတဲ့သူရဲ့သားဖြစ်နေလို့ထင်တာပဲ။ငါသူ့ကိုအကိုအရင်းတစ်ယောက်ကိုအမြဲတမ်းသဘောထားခဲ့တယ် ဒါမဲ့သူကငါ့ကို သူကတော့ရန်သူလိုပဲသဘောထားခဲ့တာ အဲ့တာကြောင့် ငါလက်လျော့လိုက်တာ
သူ့နှလုံးသားထဲမှာအချစ်ရှိမယ်မထင်ဘူးထယ်ယောင်း သူကအလုပ်နဲ့ပိုက်ဆံကိုပဲရှေ့တန်းတင်တဲ့သူမျိုး မင်းလိုချစ်တတ်တဲ့နှလုံးသားလည်းရှိမှာမဟုတ်ဘူး။ သံသယစိတ်တွေက သူ့ကိုလွမ်းမိုးထားသ၍ မင်းပြောတဲ့အချစ်ဆိုတာကိုလည်း သူယုံကြည်မှာမဟုတ်ဘူး "

'' မင်းကလည်းဦးက အဲ့လောက်ထိမဟုတ်လောက်ပါဘူးကွာ အခုဆို ဦးနဲ့ငါက အဆင်ပြေတဲ့ဆက်ဆံရေးမျိုးဖြစ်နေပါပြီ။ဦးက ငါ့အချစ်ကိုတောင်စဥ်းစားပေးဦးမှာတဲ့ "

𝕀'𝕞 ℕ𝕠𝕥 𝕒 𝔾𝕒𝕪Where stories live. Discover now