8^

6 1 0
                                        

နေသန် လုပ်စရာရှိတာတွေ လက်စသတ်ပြီး အခန်းထဲ ပြန်လာတော့ အေးရစ်ကအိပ်ပျော်နေလေပြီ။

နေသန်လဲ ခြေဖွဖွဖြင့် ကုတင်ပေါ်တတ်လိုက်ကာ ချက်ချင်းမလှဲသေးပဲ အိပ်ပျော်နေသည့် အေးရစ်အား ကြည့်လိုက်သည်။

ဆောင်းညမို့ အနည်းငယ်အေးနေ၍ အေးရစ်၏ပါးပြင်လေးတွေဟာ ရဲနေသည်။

စောင်လေးနဲ့ထွေးပြီးအိပ်နေပုံလေးကလည်း တကယ်ချစ်စရာပင်။

နေသန်မနေနိုင်စွာ အေးရစ်ပါးပြင်လေးအား သူ့လက်ဖြင့် ထိကြည့်လိုက်တော့ အနည်းငယ် ရုန်းလာသည့်ကောင်လေးဟာ သူ့ရင်ခွင်ထဲ ကွက်တိပင်။

နေသန် မသိမသာလေးတော့ ပြုံးမိသည်ကို ဝန်ခံရမည်။ ထို့နောက်တော့ ခနက အေးရစ်ရုန်းလိုက်၍ အောက်လျောကျသွားသော စောင်လေးအား ပြန်ခြုံပေးလိုက်ကာ သူလဲ အိပ်ယာဝင်လိုက်၏။

...............

ထိုနေ့မနတ်ခင်းဟာတော့ သာယာလှသည်။
မနေ့ညက အလုပ်များနေ၍ နောက်ကျမှ အိပ်ယာဝင်ခဲ့ရလို့ ထိုနေ့မနတ်လဲ နောက်ကျမှ လိုဂီနိုး၏။

နိုးနိုးချင်း အိပ်ချင်မူးတူးဖြင့် ထလာပြီး မျက်နှာချင်းဆိုင် ပြတင်းပေါက်က ထိုးနေသည့် အလင်းရောင်ကြောင့် မျက်လုံးအနည်းငယ် စူးသွား၏။

ထိုအချိန် တံခါးခေါက်သံကြားလိုက်တာကြောင့် အသံလာရာကို ငေးလိုက်တော့ မျော်လင့်နေသည့် သူပင်။

"နိုးနေပြီလား လိုဂီ..ငါမင်းအတွက် မနတ်စာပြင်လာတာ"

ပြောရင်း လိုဂီကုတင်ဘေးက စာပွဲပေါ်တင်ပေးလိုက်သည်။

"ကျေးဇူးပဲကွာ..ငါလဲ မင်းကိုမျော်နေတာ"

"အေးပါ..အခုတော့ သန့်ရှင်းရေးလုပ်လိုက်အုံး"

မတ်ဆီက လိုဂီမျက်နှာအား အလင်းဟတ်နေသော ပြတင်းပေါက်ကို လိပ်ကာချလိုက်ရင်းပြန်ဖြေ၏။

"ငါသွားပြီ..လုပ်စရာတွေရှိသေးတယ်။ မင်းလဲ မြန်မြန်ထတော့ ငါ့ကိုကူလုပ်ပေးအုံး"

မင်းသားတစ်ပါးအားပြန်ခိုင်းသွားသော မတ်ဆီကို ကြည့်၍ လိုဂီစိတ်လေစွာ ခေါင်းခါမိ၏။

ဤသို့ "နာကျင်ရပါသော..Where stories live. Discover now